Pages
(Move to ...)
▼
Pages - Menu
(Move to ...)
Home
▼
Thursday, March 14, 2013
ယနေ့ နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ
ဆန္ဒပြနေကြသည့် တုံရွာသပိတ်စခန်းမှ ဒေသခံများ
ေ
ဒ်ါအောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာပြီး လိပ်ခွံတောင်ပေါ်မှ သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ဆည်တဲ ကျေးရွာမှ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ဒေသခံက “ လွန်ခဲ့တဲ့ ၁၅မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကိုရွှေ့ပြောင်းရန်နှ
င့် ရွာသူရွာသားများရဲ့ အကျိုး၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊ “ မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊ “ ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး ” အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြောင်း ဒေသခံမှ ပြောဆိုခဲ့သည်။
ယခုလက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့ သွားရောက်နေပြီး လိပ်ခွံတောင် သပိတ်စခန်းနှင့် အဆက်အသွယ် မရရှိသေးပေ။
ရန်ကုန်(မဇ္ဈိမ)
Rangonnewsdaily
RND: :14.3.2013
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment