အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင် တင်သွင်းတဲ့
စားသောက်ကုန်တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန
အမိန့်နဲ့ မတ်လ ၁၈ ရက်နေ့က စပြီး ပိတ်ပင်လိုက်ပါတယ်။
ပိတ်ပင်ခံရတဲ့ စားသောက်ကုန်ပစ္စည်းတွေကတော့ Mikko, Calcium ကွေကာနဲ့
ငါးကြော်ထုပ်တွေဖြစ်ပြီး ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်နဲ့
သက်တမ်းကုန်ဆုံးမယ့်ရက်တွေ အတိအကျ မပါဝင်တာ၊ ပါဝင်တဲ့ပစ္စည်းတွေနဲ့
ပတ်သက်ပြီး စားသုံးသူတွေအတွက် ဘေးအန္တရာယ်ဖြစ်မှာစိုးတာကြောင့်
အခုလို ပိတ်ပင်လိုက်တာလို့ မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီး Phugzathang
Tonsing ကပြောဆိုကြောင်း မနေ့ကထုတ်ဝေတဲ့ အိန္ဒိယနေ့စဉ်ထုတ် သတင်းစာ The
Hindu မှာ ဖော်ပြထားပါတယ်။
အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအများစုနေထိုင်တဲ့
မဏိပူရပြည်နယ် ချူရာချန်ပူရ်မြို့မှာ မြန်မာအစားအသောက်တွေ
လက်လီလက်ကားရောင်းနေတဲ့ မမင်းသဲလ်က အခုလို ပြောပါတယ်။
“အဓိက က
မြန်မာပြည်က ပစ္စည်းမှာ Expire Date တွေ ဘာတွေ မရှိလို့ပေါ့နော်။
အဲဒါပြီးတော့ နောက်တချက်က ကျတော့ Mikko ကတ်ဗုံးတွေ ရှိတယ် မလား။ အဲဒါကို
သူတို့ တယောက်က လက်တွေ့ Practical ဆင်းနေမှာ လူတယောက် ဆုံးရှုံးမှု
ရှိသွားတယ်။ အဲဒီလိုမျိုး သတင်းလည်း နည်းနည်းပါးပါး ထွက်တယ်ပေါ့။
အဲဒါမျိုးနဲ့ သူက ပိတ်ဖို့ ကြိုးစားတာ။ Mikko ရယ်၊ ကယ်လ်စီယမ်ကွေကွာရယ်၊
ပြီးတော့ ငါးကြော်ထုပ်လေးတွေ။ အဲဒီသုံးမျိုးပါပဲ။ အဓိက ပိတ်ထားတာပေါ့။”
ဒီပစ္စည်းတွေဟာ တရားဝင်တင်သွင်းတာ မဟုတ်တဲ့အပြင် အဓိက ရောင်းကောင်းတဲ့
စားသောက်ကုန်တွေ ဖြစ်နေတာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်ပြီး
ပစ္စည်းရောင်းသူအချို့နဲ့ ပစ္စည်းတွေကို မနေ့က ဖမ်းဆီး သိမ်းယူတာတွေ
ရှိခဲ့တယ်လို့လည်း မမင်းသဲလ်က ပြောပါတယ်။
အခု ပိတ်ပင်လိုက်တဲ့
စားသောက်ကုန်တွေဟာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့် တံဆိပ်မပါဝင်တာကြောင့်
ဖြစ်ကြောင်း၊ ဒါ့အပြင် ကြက်သား၊ အမဲသားနဲ့ ငါးစတဲ့ မြန်မာနိုင်ငံက
တင်သွင်းတဲ့ စည်သွပ်ဘူးတွေကိုလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း
နာဂလန်းဒေသမှာ ပိတ်ပင်ထားတယ်လို့ The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှုအရ ပဲအမျိုးမျိုး၊ သစ်၊
သံနဲ့ သံထည်၊ အသေးစား စက်ပစ္စည်းကိရိယာနဲ့ ဆေးဝါးစတဲ့ ကုန်အမျိုးအစားပေါင်း
၄၀ ကိုသာ အစိုးရတွေက ခွင့်ပြုထားတာဖြစ်ပါတယ်။
အခုလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာအများစုနေထိုင်တဲ့ မဏိပူရပြည်နယ် ချူရာချန်ပူရ်မြို့မှာ မြန်မာအစားအသောက်တွေ လက်လီလက်ကားရောင်းနေတဲ့ မမင်းသဲလ်က အခုလို ပြောပါတယ်။
“အဓိက က မြန်မာပြည်က ပစ္စည်းမှာ Expire Date တွေ ဘာတွေ မရှိလို့ပေါ့နော်။ အဲဒါပြီးတော့ နောက်တချက်က ကျတော့ Mikko ကတ်ဗုံးတွေ ရှိတယ် မလား။ အဲဒါကို သူတို့ တယောက်က လက်တွေ့ Practical ဆင်းနေမှာ လူတယောက် ဆုံးရှုံးမှု ရှိသွားတယ်။ အဲဒီလိုမျိုး သတင်းလည်း နည်းနည်းပါးပါး ထွက်တယ်ပေါ့။ အဲဒါမျိုးနဲ့ သူက ပိတ်ဖို့ ကြိုးစားတာ။ Mikko ရယ်၊ ကယ်လ်စီယမ်ကွေကွာရယ်၊ ပြီးတော့ ငါးကြော်ထုပ်လေးတွေ။ အဲဒီသုံးမျိုးပါပဲ။ အဓိက ပိတ်ထားတာပေါ့။”
ဒီပစ္စည်းတွေဟာ တရားဝင်တင်သွင်းတာ မဟုတ်တဲ့အပြင် အဓိက ရောင်းကောင်းတဲ့ စားသောက်ကုန်တွေ ဖြစ်နေတာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်ပြီး ပစ္စည်းရောင်းသူအချို့နဲ့ ပစ္စည်းတွေကို မနေ့က ဖမ်းဆီး သိမ်းယူတာတွေ ရှိခဲ့တယ်လို့လည်း မမင်းသဲလ်က ပြောပါတယ်။
အခု ပိတ်ပင်လိုက်တဲ့ စားသောက်ကုန်တွေဟာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်ခွင့် တံဆိပ်မပါဝင်တာကြောင့် ဖြစ်ကြောင်း၊ ဒါ့အပြင် ကြက်သား၊ အမဲသားနဲ့ ငါးစတဲ့ မြန်မာနိုင်ငံက တင်သွင်းတဲ့ စည်သွပ်ဘူးတွေကိုလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း နာဂလန်းဒေသမှာ ပိတ်ပင်ထားတယ်လို့ The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှုအရ ပဲအမျိုးမျိုး၊ သစ်၊ သံနဲ့ သံထည်၊ အသေးစား စက်ပစ္စည်းကိရိယာနဲ့ ဆေးဝါးစတဲ့ ကုန်အမျိုးအစားပေါင်း ၄၀ ကိုသာ အစိုးရတွေက ခွင့်ပြုထားတာဖြစ်ပါတယ်။
0 comments:
Post a Comment