Pages

Sunday, February 24, 2013

ဘန်ကောက်တွင် ဆေးကုသမှုခံယူနေသည့် Rဇာနည်

ဘန်ကောက်တွင် ဆေးကုသမှုခံယူနေသည့် Rဇာနည်

အဆိုတော် Rဇာနည်သည် ရှိုးပွဲများ အဆက်မပြတ်သီဆိုရင်း အလုပ်ပင်ပန်းမှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဖေဖော်ဝါရီ ၁ ရက်က သွားရောက်ဆေးကုသနေကြောင်း Rဇာနည်၏ညီ Mသီဟကပြောသည်။
သွားရောက်ဆေးကုသနေစဉ် ကာလအတွင်း Rဇာနည် အောင်ပိုင်းလေဖြတ်သွားသည်ဟူသော ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သည်။ "လေဖြတ်တယ်လို့ အပြင်မှာ ပြောနေကြတာ မဟုတ်ပါဘူး။

အအေးနည်းနည်း ပတ်သွားတာ။ ပြန်ကောင်းနေပါပြီ။ ဟိုမှာ နည်းနည်းထပ်နေဦးမယ်။ ဘယ်နေ့ပြန်လာမလဲတော့ သေချာမသိသေးဘူး" ဟု Rဇာနည်၏ ယောက္ခမဖြစ်သူကပြောသည်။ 

ထို့ကြောင့် ယင်းမတိုင်မီ ကာလက စီစဉ်ပြီးဖြစ်သော ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြုလုပ်သည့် Ytalk ပထမနှစ်ပတ်လည် ရှိုးပွဲသို့ လာရောက်ဖျော်ဖြေနိုင်မည် မဟုတ်ပေ။ ထို့အတူ ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်ခဲ့သော တင်ဇာမော်ရှိုးပွဲ၌ စုံတွဲသီဆိုရန် စီစဉ်ထားသော်လည်း မဆိုဖြစ်ခဲ့ဘဲ Rဇာနည်၏ညီ Mသီဟနှင့်သာ တွဲဖက်သီဆိုခဲ့ခြင်းဖြစ်သည်။


ကြူကြူဟန်

RND: 24.2.20137DayNews

0 comments:

Post a Comment

 
world time