Friday, 08 February 2013
မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့
သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ
မွေးဖွားလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့
နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။
အသက် ၉ နှစ်သာ ရှိတဲ့ မိန်းခလေးဟာ သူမရဲ့ သမီးမိန်းခလေးကို
မက္ကစီကိုနိုင်ငံက ဆေးရုံ တစ်ခုမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့
မိသားစုနဲ့ ဒေသအာဏာပိုင်တွေက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မီဒီယာတွေကို ထုတ်ဖေါ်
ပြောဆိုပါတယ်။
အဲဒီ ၉ နှစ် အရွယ် မိန်းခလေးဟာ အသက် ၈ နှစ် အရွယ်မှာ စတင် ကိုယ်ဝန် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု မွေးလိုက်တဲ့ ကလေးမလေးရဲ့ ဖခင်ကတော့ အသက် ၁၇ အရွယ် လူငယ်
တစ်ဦးဖြစ်ပြီး သူဟာ ထွက်ပြေးသွားတဲ့ အတွက် အခု ရှာမတွေ့တော့ဘူးလို့
ဆိုပါတယ်။
ကလေးရဲ့ ကိုယ် အလေးချိန်ဟာ ၂ ဒဿမ ၇ ကီလိုသာ ရှိပြီး
မက္ကစီကိုနိုင်ငံက Zoquipan ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ ဆေးရုံက ဆင်းလာကြပြီး မိခင်ကလေးနဲ့ မွေးဖွားလာတဲ့ ကမလေး
နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာဘဲလို့ ဆိုပါတယ်။
(နိရဉ္စရာ)
Friday, 08 February 2013
(နိရဉ္စရာ)
မက္ကစီကို နိုင်ငံမှ အသက် ၉ နှစ်သာ ရှိသေးတဲ့ မိန်းခလေး တစ်ဦးဟာ သူမရဲ့
သမီး ကမလေး တစ်ဦးကို ဇန္န၀ါရီလ ၂၇ ရက်နေ့က အောင်မြင်စွာ
မွေးဖွားလိုက်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်ကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့
နိုင်ငံက The Dailystar သတင်းစာမှာ ဖေါ်ပြပါတယ်။
အသက် ၉ နှစ်သာ ရှိတဲ့ မိန်းခလေးဟာ သူမရဲ့ သမီးမိန်းခလေးကို
မက္ကစီကိုနိုင်ငံက ဆေးရုံ တစ်ခုမှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တယ်လို့
မိသားစုနဲ့ ဒေသအာဏာပိုင်တွေက ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မီဒီယာတွေကို ထုတ်ဖေါ်
ပြောဆိုပါတယ်။
အဲဒီ ၉ နှစ် အရွယ် မိန်းခလေးဟာ အသက် ၈ နှစ် အရွယ်မှာ စတင် ကိုယ်ဝန် ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု မွေးလိုက်တဲ့ ကလေးမလေးရဲ့ ဖခင်ကတော့ အသက် ၁၇ အရွယ် လူငယ် တစ်ဦးဖြစ်ပြီး သူဟာ ထွက်ပြေးသွားတဲ့ အတွက် အခု ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။
ကလေးရဲ့ ကိုယ် အလေးချိန်ဟာ ၂ ဒဿမ ၇ ကီလိုသာ ရှိပြီး မက္ကစီကိုနိုင်ငံက Zoquipan ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ဆေးရုံက ဆင်းလာကြပြီး မိခင်ကလေးနဲ့ မွေးဖွားလာတဲ့ ကမလေး နှစ်ဦးစလုံးဟာ ကျန်းကျန်းမာမာဘဲလို့ ဆိုပါတယ်။

0 comments:
Post a Comment