ဟံသာဝတီကားဝင်းအတွင်း ကားအရောင်းဝယ်လုပ်ကိုင်သူများရဲ့  ပြောကြား
ချက်အရ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းမှာ
ကားဈေးတွေက သိသိသာသာကို ထိုးကျလာခဲ့ပြီး ၀ယ်သူတွေလည်း တိုးလာခဲ့ကြောင်း
ကားပွဲစားများက ပြောဆိုသည်။
` ဈေးတွေက တအားကြီးကို ပြုတ်ကျသွားတဲ့အနေအထားမှာ လူတိုင်း
သက်တောင့်သက်သာနဲ့ ၀ယ်လိုရတဲ့အနေ အထားရောက် သွားတယ်ပေါ့။
လူတိုင်းဝယ်ကြတယ်လေ။ သူဟာနဲ့သူကတော့ အရောင်းအ၀ယ်လေးဖြစ် ပါတယ်` ဟု
ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ ဦးခင်မောင်ဦးကပြောသည်။
ကားသွင်းခွင့်မူဝါဒ စပြောင်းလဲခါစတွင် ကားအရောင်းပြခန်းများနှင့် ကားတင်သွင်းသော လုပ်ငန်းရှင်များအနေနဲ့ အမြတ်အစွန်း ရခဲ့ပေမယ့်
လည်း နောက်ပိုင်းမှာ တောက်လျှောက် မူဝါဒပြောင်းလဲမှုတွေက
ကားတင်သွင်းတဲ့သူတွေ ကို ဦးမမော့နိုင်အောင် ကို ဖြစ်စေခဲ့ပြီး၊
မူဝါဒအပြောင်းအလဲတွေက ငွေအလုံးအရင်းနဲ့ဝင်တဲ့လူတွေ ကိုထိခိုက်စေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောဆိုသည်။
` ကားဈေးကပြောင်းလဲလာဦးမှာပဲ ကျဖို့ပဲရှိတယ် တက်ဖို့ကတော့မရှိဘူး။ ဟိုးတုန်းက ကားတစ်စီးဝယ်ထားရင် ခိုင်းလို့လည်းရတယ် ဈေးလည်းတက်
လာတယ်။ အခုကထုံးစံမရှိဘူး။ ၀ယ်ပြီးရင်ကျမှာပဲ။ ထုံးစံပဲ နောက်ပိုင်းကျကျ
ကျကျသွားမှာပဲ။ အက္ခရာပေါ်မူတည်ပြီး လူတွေက ၀ယ်ကြတာလေ။ အက္ခရာနိမ့်လာတာနဲ့ အမျှဈေးကွက်က အလိုလိုနိမ့်သွားတာပဲပေါ့။ အဲလိုမျိုး
ရှိတယ်`ဟု ဟံသာဝတီကားဝိုင်းက ၀ါရင့်ကားပွဲစား ဦးအောင်မျိုးဦးက ပြော
သည်။
မော်တော်ယာဉ်တင်သွင်းထုတ်လုပ်သူ ပိုင်ရှင်များအနေနဲ့ ဆိပ်ကမ်း
အရောက်တန်ဖိုး အဆမတန် ကျဆင်းသွားသောကြောင့် ဂျပန်ကနေ တင်သွင်းလာတဲ့
ကားတွေကို ဆိပ်ကမ်းကနေ ထုတ်မယူတော့ဘဲ အဆုံးခံလိုက်သူများလည်း ရှိနေကြောင်း၊
ဒါ့အပြင် မူဝါဒအပြောင်း
အလဲတွေနဲ့ ငြိစွန်းနေတဲ့အတွက် ဆိပ်ကမ်းကနေ ထုတ်မယူနိုင်တဲ့ ကားတွေကလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။
ခုလို အစိုးရရဲ့မူဝါဒတွေ ပြောင်းလဲနေတာဟာ ပြည်သူလူထုအများစု
အတွက် ပြောင်းလဲနေခြင်းဖြစ်တယ်လို့ ပြည်သူ အချို့ကလည်း ယုံကြည်
လက်ခံကြတာ တွေ့မြင်ရသည်။
ကားတင်သွင်းသူတွေ အနေနဲ့ အခက်အခဲတွေ့ကြုံနေရပေမဲ့ မော်တော်ကား ၀ယ်စီးနိုင်တဲ့သူတိုးလာတဲ့ အတွက် ကောင်းတယ် လို့ လက်ခံလာကြ
ပါတယ်။
လောလောဆယ်အနေအထားမှာတော့ ကားဈေးနှုန်းတွေ ကျလာတယ်လို့ ဆိုနိုင်ပေမဲ့
ရောင်းလိုအားနဲ့ ၀ယ်လိုအား မမျှသေးဘဲ ရောင်းလိုအားကသာ များနေပြီး
ဝယ်လိုအားက နည်းနေဆဲဖြစ်တဲ့အတွက် လူလတ်တန်းစား အများစု
ကားစီးနိုင်ဖို့ကတော့ အခြေအနေတခုထိ ဆက်လျက်စောင့်မျှော်နေ
ရဆဲ ဖြစ်တယ်လို့ ပြောဆို သုံးသပ်လျက်ရှိသည်။
Myit Makha Mediagroup

0 comments:
Post a Comment