skip to main |
skip to sidebar
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေထံ ခြိမ်းခြောက်စာပေးပို့ခံရ
3:31 PM
Kolatt
ကချင်အရေးနှင့်ပတ်သက်၍ လွှတ်တော်အတွင်း ပြင်းပြင်းထန်ထန်
ဆွေးနွေးခဲ့သူ တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ
ဆွေထံသို့ ခြိမ်းခြောက်စာတစ်စောင် ရောက်ရှိလာခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်နာယကထံသို့ တင်ပြထားကြောင်း သိရသည်။
အဆိုပါ ခြိမ်းခြောက်စာကို ဖေဖော်ဝါရီလ 11 ရက်နေ့စွဲဖြင့် မြစ်ကြီးနားစာ
တိုက်မှ ပေးပို့ခဲံခြင်းဖြစ်ပြီး စာပေးပို့သူ အမည်နာမည်ကို ကချင်ဘင်လာဒင်
ဟု ရေးသားထားသည်။
အဆိုပါ ခြိမ်းခြောက်စာထဲတွင် “ခင်ဗျားနဲ့ ခင်ဗျားရဲ့ သားစဉ်မြေးဆက် မျိုး ဆက်အားလုံးကို ကျုပ်ကချင်အမျိုးသားတစ်ဦးအနေနဲ့
ရာသက်ပန်ရန်သူ အဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိင်းဓားမဆိုင်းဘဲ
ကျုပ်ရဲ့ သားစဉ် မြေး ဆက်အတိုင်းဆက်လက်ပြီး ရန်သူအဖြစ် သတ်မှတ်ထား
လိုက်တယ်။” ဟု ပါရှိကြောင်းလည်း သိရသည်။
RND: 18.2.2013
Messenger News Journal
0 comments:
Post a Comment