ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
တပ်မတော်အစိုးရ အာဏာရယူအပြီး ၁၉၈၈ လွန်ကာလများတွင် ရန်ကုန်မြို့၏ မြို့အစွန်အဖျား၌မြို့သစ်များ ဖော်ထုတ်ခဲ့သည်။ ထိုမြို့သစ်များက ယနေ့တိုင် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံလုံလောက်မှု မရှိသည့် အဆင့်
နိမ့်လူနေရပ်ကွက်များအဖြစ်သာတည်ရှိနေသည်။ယခု အရပ်သားအစိုးရလက်ထက်တွင်လည်း ရန်ကုန်မြို့၏ ဧရိယာကိုထပ်မံတိုးချဲ့၍ မြို့သစ်စီမံကိန်းများ ထပ်မံဆောင်ရွက်ရန် သတင်းထွက်ပေါ်လာပြန်သည်။ ထိုအခါ ဆယ်စုနှစ်နှစ်ခုနီးပါးရှိပြီဖြစ်သည့် သက်တမ်းရှည် မြို့သစ်များ၏ ရှေ့ရေးသည် မေးခွန်းထုတ်စရာဖြစ်လာသည်။
၁၉၉၅ ခုနှစ်က ရန်ကုန်မြို့ စွန်အနီးတစ်ဝိုက်မြေလွတ်မြေရိုင်းများတွင်
အချိန်တိုအတွင်း အကောင်အထည်ဖော်ကာနေရာချ ထားပေးခဲ့သည့် ယင်းမြို့သစ်များ၌
ယနေ့ထက်တိုင် အဆင့်အတန်း နိမ့်ကျသည့် လူနေရပ်ကွက်များအဖြစ်သာ
ရှိနေဆဲဖြစ်ကြောင်း မြို့ပြ ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ထောက်ပြပြောဆိုလိုက်သည်။
၁၉၈၈ ခုနှစ် တပ်မတော်အစိုးရအာဏာရယူအပြီး ၇ နှစ်အကြာ မြို့တော်ရန်ကုန်ရှိ ကမာရွတ်၊ လှိုင်၊ မရမ်းကုန်းမြို့နယ်များတွင်
နေထိုင်သူအများစုကို ရန်ကုန်မြို့ စွန်အနီးတစ်ဝိုက်ရှိ အချိန်တိုအတွင်း
အကောင်အထည်ဖော်ထားသည့် မြေလွတ်မြေရိုင်းများတွင် မြို့သစ်အကွက်များဖော်ကာ
ပြန်လည်နေရာချထားပေးခဲ့သည်။ မြို့တွင်းမှ ကျူးကျော်များဟု အများကယူဆထားသည့် မြို့သစ်နေအလွှာပေါင်းစုံလူတန်းစားအတွက်
ယခင်အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများက ဆယ်စုနှစ် နှစ်ခုတိုင်
မြို့ပြပြဿနာများကို ယနေ့ထက်တိုင် ပြည်စုံလုံလောက်စွာ မဖြေရှင်းနိုင်သေးပေ။ ၁၉၉၅ ခုနှစ်တွင် စတင်အကွက်ချဖော်ထုတ်ခဲ့သည့်
ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ သင်္ဃန်းကျွန်း၊
သာကေတ(တိုးချဲ့)၊ အင်းစိန်ပေါက်တော (တိုးချဲ့) အစရှိသော
မြို့သစ်လူနေရပ်ကွက်များအဖြစ် ရန်ကုန်မြို့၏ ဧရိယာကို ထပ်မံတိုးချဲ့ခဲ့ကြသည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ မြေပုံအထောက်အထားများမှ သိရသည်။ ဆယ်စုနှစ်နှစ်ခုကြာသည့်တိုင် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် အခြေခံအဆောက်အအုံကောင်းများမှာ စိတ်ကျေနပ်မှုကောင်း လောက်အောင်တိုးတက်မှုမရှိခြင်း၊ စံနှုန်းကိုက်ညီမှုမရှိခြင်း၊ အခြေခံအဆင့်ပင်မရောက်သေးခြင်း၊ မြို့ပြ၏ဂုဏ်အင်္ဂါ မပြည့်မီခြင်း၊ အဆင့်နိမ့်လူနေရပ်ကွက်များဖြစ်နေခြင်းတို့က ယင်းမြို့သစ်များတွင် များစွာပေါ်လွင်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး(အငြိမ်းစား)ဦးမြင့်ဆွေက သုံးသပ်သည်။ “နောက်ဆို မြို့ကို မြို့မ၀ိုင်းဘဲမြို့ကို ရွာဝိုင်းသလိုဖြစ်သွားလိမ့် မယ်” ဟု ၎င်းကပင်ပြောသည်။ ကုန်းဘောင်ခေတ်က ဒဂုံဟုလူသိများသည့် ယနေ့ရန်ကုန်မြို့ကို အလောင်းမင်းတရားကြီးက လူဦးရေတစ်သောင်းကျော်မျှဖြင့် ဆိပ်ကမ်းမြို့ငယ်လေး အဖြစ်ရည်ရွယ်ကာ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး
၁၈၅၃ ကိုလိုနီခတ်အရောက်တွင် လူဦးရေ ၃၆၀၀၀ အတွက်ရည်ရွယ်ကာ မြို့၏ဧရိယာကို
ဗိုလ်တထောင်ဆိပ်ကမ်းမှ ရွှေတိဂုံစေတီတော်အထိ ထောင့်မှန်ပုံစံမြေကွက်အဖြစ် စတင်ချဲ့ထွင်ခဲ့သည်ဟု သမိုင်းအထောက်အထားများမှ သိရသည်။ လွတ်လပ်ရေးရအပြီး ဆယ်စုနှစ်များအကြာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ လာသည့်မြို့တော်ရန်ကုန်တွင် လူဦးရေ ၆ သန်းကျော်မျှ ရှိလာခြင်းကြောင့် မြို့၏ဧရိယာကို ထပ်မံချဲ့ထွင်ခဲ့ရခြင်းလည်း ဖြစ်သည်။ မြို့တွင်းပိုင်းကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအတွက် ယခုလက်ရှိဖော်ထုတ်လိုက်သည့် မြို့သစ်အများစု
တွင်နေထိုင်သူများ၏ အဓိက ပထမဆုံးအခက်အခဲမှာ သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ်သည်။
ယခင်မြေ
သားလမ်းများမှ ကတ္တရာလမ်းများအဖြစ် ဖောက်လုပ်ပေးထားသော်လည်း
အရည်အသွေးမမီသည့် လမ်းပိုင်း
အများစုကို ပြန်လည်ပြုပြင်ပေးရန်
လိုအပ်နေဆဲဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် (၁၉)ရပ်ကွက်တွင်နေ
ထိုင်သူ
ကိုညွှန့်နိုင်က ပြောသည်။ထို့အပြင်ရန်ကုန်မြို့တွင်းသို့
နေ့စဉ်သယ်ယူပို့ဆောင်ပေးနေသည့် ဘတ်စ်
ကားလိုင်းများ မလုံလောက်ခြင်းကလည်း များစွာအခက်အခဲဖြစ်ရသည်။မီးခိုးနံ့တထောင်းထောင်းနှင့် အ
ဆင့်မမီတော့သည့် ဒိုင်နာယာဉ်ဟောင်းများက ချိုင့်ခွက်များကြား နေ့စဉ်သယ်ယူပို့ဆောင်ပေးနေသည့် ယာဉ်လိုင်းများကို တိုးချဲ့ပေးရေးနှင့် ယာဉ်အစီးရေတိုးချဲ့ပေးခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်ပေးရန် မျှော်
လင့်မိကြောင်း ကိုညွှန့်လှိုင်ကပင်ပြောသည်။ နေ့စဉ်ရန်ကုန်မြို့တွင်းသို့
သွားရောက်ရန် အချိန်နှစ်နာရီကျော်ကြာ ယူရသည့် ဘက်စ်ကားလိုင်းများကိုသာ
မြို့သစ်နေလူ တန်းစားအများစုမှ နေ့စဉ်မှီခိုနေရဆဲဖြစ်သည်။
ယခင်ရွာအဆင့်သာရှိခဲ့သည့် မြေလွတ်မြေ
ရိုင်းများ၊ လယ်မြေများ၊
စားကျက်မြေအများစုကို အကွက်ဖော်မြို့သစ်တည်ခဲ့သည့် မြို့သစ်အများစုတွင် နှစ်
စဉ် မိုးတွင်းကာလ၌ ရေမြောင်းစနစ်ပီပြင်စွာမရှိခြင်းက ရေကြီးရေလျှံမှုများနှင့်လည်း ကြုံတွေ့နေရဆဲဖြစ်ပြီး လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်း၊မိလ္လစနစ်များကောင်းမွန်မှုမရှိခြင်း သန့်စင်သည့်ရေကောင်းရေသန့်ရှားပါးခြင်းက
ယနေ့ထက်တိုင် မြို့သစ်အများစုတွင် ဖြေရှင်းပေးနိုင်သေးခြင်း မရှိပေ။
အဆင့်အတန်းမီ တန်ဖိုး
နည်း စရိတ်သက်သာသည့် ဆေးရုံဆေးပေးခန်းများနှင့်
အလှမ်းကွာနေသေးခြင်း၊ ပညာရေးအတွက် မူလ
တန်းနှင့် အလယ်တန်းအဆင့်ကျောင်းများသာ အနီးစပ်ဆုံးရှိပြီး အထက်တန်းစာသင်ကျောင်းများနှင့် အ
လှမ်းကွာဝေးနေခြင်းတို့က မြို့သစ်နေလူတန်းစားများအတွက် လူနေမှုအဆင့်အတန်းကို တစ်စတစ်စ နိမ့်ကျလာခဲ့ပြီဖြစ်သည်။ “ဒါတွေဟာ နှစ် ၂၀ အတွင်းက မှားယွင်းခဲ့တဲ့အမှားတွေပေါ့” ဟု မြို့ပြနှင့် ဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာ
ရှင်ဒေါက်တာကျော် လတ်က သုံးသပ်သည်။ ပေ ၂၀x ပေ ၂၅ မြေကွက်ခပ်ကျဉ်းကျဉ်းပေါ်တွင် ပြီးစလွယ်အ
ကွက်ချ ဖော်ထုတ်ခဲ့သည့် လူသားမဆန်သည့် မြို့သစ်များတွင် အဆင့်အတန်း နိမ့်လူနေရပ်ကွက်များအဖြစ်
သာ ပေါ်ထွက်ခဲ့ပြီးယခုနောက်ဆုံး
တိုးချဲ့ထားသည့် မြို့သစ်များပါဝင်ပါက ရန်ကုန်မြို့၏ သုံးပုံနှစ်ပုံမှာ
အ
ဆင့်နိမ့်ကျသည့် လူနေရပ်ကွက်များမှာ အများဆုံးဖြစ်သည်ဟု အထက်ပါပညာရှင်က
သုံးသပ်သည်။ တစ်ချိန်က First Class Area ဟု လူသိများခဲ့သည့်ကန်တော်ကြီးအနီနတ်မောက်လမ်း၊ဒဂုံမြို့နယ်ပြည်ထောင်
စုရိပ်သာ လမ်း၊ ဗဟန်းမြို့နယ်ရှိ ရွှေတောင်ကြားရပ်ကွက်များနှင့်
ကမာရွတ် မြို့နယ်သံလွင်လမ်း၊ အင်းလျား
လမ်းတို့တွင် မြေယာအသုံးချမူဝါဒ
မှန်ကန်ခြင်းတို့ကြောင့် ယခုထက်တိုင် အဆင့်မြင့်ရပ်ကွက်များအဖြစ်
ထင်ရှားလျက်ရှိသည်။ “အဲဒီတုန်းက မြေယာကို ခွဲခြမ်းစိတ်ဖြာပြီး
ကျပ်ကျပ်တည်းတည်းဖြစ်အောင် လုပ်ခွင့်
မပေးခဲ့ဘူး” ဟု ဒေါက်တာကျော်လတ်ကပင်
ပြောသည်။ မြေယာအသုံးချမူဝါဒအလွဲများဖြင့်ဖော်ထုတ်ခဲ့သည့် ရန်ကုန်မြို့စွန်၏ မြို့သစ်ဧရိယာများတွင် ပြန်လည်အ
ဆင့်မြှင့်ပြုပြင်နိုင်ရေးအတွက် လက်ရှိရေးဆွဲနေသည့် မဟာရန်ကုန်မြို့တော်ဖွံ့ဖြိုးမှုစီမံကိန်းတွင် အဓိက
ထားထည့်သွင်း ရေးဆွဲနေခြင်းဖြစ်ကြောင်း၊ အနာဂတ်တွင် ယင်းမြို့သစ်များမှာ မြို့တွင်းပိုင်းအသွင်ဖြင့်ပင် ၀င်ရောက်လာနိုင်အောင်လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြမြေယာဌာနမှ
ဌာနမှူး ဦးတိုးအောင်ကပြောသည်။ “တစ်ဆင့်ချင်းစီလုပ်သွားမှာပါ လိုအပ်နေတာတွေ
ချည်းကိုပဲ လုပ်လိုက်ရင် စီမံကိန်းတွေ လွဲသွားနိုင်တယ်” ဟု အဆိုပါဌာနမှူးကပင်ပြောသည်။ “မိုးပျံရထားကြီးမစီးရရင် နေပါစေ။ တကယ်လက်တွေ့ လာလုပ်ပေးနိုင်တဲ့အပိုင်းကို လာလုပ်ပေးရင်ကျေနပ်
ပါတယ်။ မကြာခဏ လုပ်ပေးမယ်လို့ပြောပြီးတစ်ခါ
တစ်ခါ လာလုပ်ဖို့ နှစ်ရှည် စောင့်နေရတော့ အခက်အခဲ
က ပိုပိုဖြစ်လာတယ်” ဟု
တောင်ဒဂုံမြို့နယ်နေ အသက် ၃၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ယခုလက်ရှိ အစိုးရမှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ
JICA နှင့်ဆောင်ရွက်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းတွင်
ယင်းမြို့သစ်များအတွက် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်၊ ရေပေးဝေမှု၊ လမ်း၊
မိလ္လာ၊ အမှိုက် စနစ်များအတွက် တိုးပွားလာမည့် လူဦးရေနှင့်
အချိုးညီစွာတွက်ချက် ဖြည့်ဆည်းရန် အစီအစဉ်များလည်းရှိကြောင်း JICA အဖွဲ့က
ဇန်န၀ါရီလ အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ “အနာဂတ်အတွက် ဒီမြို့သစ်တွေနဲအလားအလာကောင်းတွေရှိမယ်ဆိုတာသိထားပေးမယ့် တော်ရုံတန်ရုံ
လုပ်ငန်းရှင်တွေက ငွေလုံးငွေရင်းကြီးကြီးမားမားနဲ့ မရင်းနှီးရဲဘူး။ လက်ရှိ ဘာမှမဖွံ့ဖြိုးသေးတဲ့အတွက်ပေါ့” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ထို့အပြင်မြို့သစ်များ၌ လက်ရှိလိုအပ်ချက်ပေါင်း
မြောက်များစွာရှိနေသော်လည်း
မြေနေရာဦးမှုများ မကြာခဏဖြစ်ပေါ်နေတက်ပြီး အနာဂတ်တွင် ယင်းမြို့
သစ်များ၏
ဈေးကွက်က ပိုမိုအသက်ဝင်လာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း
ဒုဥက္ကဋ္ဌက ပြော
သည်။ အစိုးရသစ် တစ်ခါတက်တိုင်း မြို့သစ်အများစု
တိုးချဲ့လေ့ရှိသော်လည်း အများစုမှာ အောင်မြင်မှုမရ
ဘဲ
အဆင့်နိမ့်လူနေရပ်ကွက်များအဖြစ်သာ ကျန်
ရှိနေတက်ကြောင်း၊ ထို့ကြောင့်မြို့၏ ဧရိယာကို ချဲ့ခြင်း
ထက်ရှိပြီးသား
မြို့သစ်များအဆင့်အတန်း မီရေးအတွက်သာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း တော်ဝင်
ဆောက်လုပ်ရေးကုမ္ပဏီ အကြီးအကဲ ဦးကိုကိုထွေးက ပြောသည်။ ဘက်ပေါင်းစုံမှ ပညာရှင်များ၏ ထောက်ပြပြောဆိုမှုနှင့်အတူ အစိုးရ၏ လက်ရှိဆောင်ရွက်မည့် နှစ်၃၀ မဟာ
ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းက ယင်းမြို့သစ်များ၏ အနာဂတ်အကောင်းဘက်သို့ များစွာပြောင်းလဲစေနိုင်
မည်ဖြစ်ပြီး လူနေမှုအဆင့်အတန်းနှင့် အခြေခံအဆောက်အအုံကောင်းများ အားနည်းနေသည့် မြို့တော်
ရန်ကုန်မှ မြို့သစ်ဧရိယာများ၏ အနာဂတ်အတွက် ယင်းစီမံကိန်းက အဆုံးအဖြတ်ပေးတော့မည် ဖြစ်သည်။ မြို့ပြမှ ရွေ့ပြောင်းအခြေချ နေထိုင်သူများပြားလာသည့် စီးပွားရေးမြို့တော်ရန်ကုန်၌ လက်ရှိလူဦးရေ ၆ သန်းကျော် နေထိုင်ပြီး နှစ်စဉ် ၂ ရာခိုင်နှုန်းခန့် တိုးပွားလျှက်ရှိပြီး မြို့ပြဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းချက်များအရ လာမည့် ၂၀၄၀ တွင် ရန်ကုန်မြို့၌လူဦးရေ ၁၅ သန်းကျော် မျှရှိလာမည်ဟု တွက်ဆ
ထားကြသည်။ တိုးပွားလာမည့် လူဦးရေနှင့် နေထိုင်မှုစရိတ်ကြီးမြင့်လာသည့်
ရန်ကုန်မြို့၌ လက်ရှိမြို့သစ်များ၏ အနာဂတ်
မှာနှစ်စဉ် လိုအပ်ချက်ပေါင်း
မြောက်မြားစွာနှင့်အတူ အဆင့်အတန်းနိမ့် လူနေရပ်ကွက်များအတွက်
အဖြေ
ရှာရန်ခက်ခဲ နေဦးမည်သာဖြစ်သည်။ ။
RND: 21.2.2013
7Day News Journal
0 comments:
Post a Comment