ရန်ကုန်၊ ဇန်န၀ါရီ-၁၁
The Voice Weekly သတင်းဂျာနယ်အား သတ္တုတွင်းဝန်ကြီးဌာနမှ အသရေဖျက်မှုဖြင့်
ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားခြင်းကို ယနေ့(ဇန်န၀ါရီ ၁၁ ရက်)တွင်
အမှုကိုပိတ်သိမ်းပေးလိုက်ကြောင်း အဆိုပါဂျာနယ်၏ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေက ပြောသည်။ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ သွားရောက်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီမှ တာဝန်ရှိသူများကလည်း ၀င်ရောက်ညှိနှိုင်းပေးခဲ့ခြင်းကြောင့် အမှုကိုရုတ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း
ဦးကျော်မင်းဆွေကပြောသည်။ ဂျာနယ်ဘက်မှ တောင်းပန်ခြင်း၊
မှားသည်ဟုဝန်ခံခြင်းများ ပြုလုပ်ခဲ့ရခြင်း လုံးဝမရှိဘဲ ခိုင်လုံသည့်
သတင်းရင်းမြစ်အရ ရေးသားဖော်ပြခဲ့သည့် သတင်းတွင် သတ္တုတွင်းသာမက
အခြားဝန်ကြီးဌာနများကို ထိခိုက်နစ်နာစေလိုခြင်း မရှိခဲ့ကြောင်း၊ အကယ်၍
ထိခိုက်နစ်နာသွားခဲ့ပါက စိတ်မကောင်းဝမ်းနည်းပါကြောင်းဖြင့်သာ သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဦးကျော်မင်းဆွေကပြောသည်။
“အမှုကိုရှေ့ဆက်ပြီး ရင်ဆိုင်ရရင် မီဒီယာအနေနဲ့ သိက္ခာကျစရာမရှိပါဘူး။
သိက္ခာပိုတက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ အဆုံးထိသွားရင် တစ်ဖက်ကရှုံးတော့မယ်။
အဲဒီကျရင် ၀န်ကြီးဌာနအနေနဲ့ ပိုအရှက်ကွဲနိုင်သလို မီဒီယာတွေအပေါ်
တင်းမာသွားနိုင်ပါတယ်။ နိုင်ငံကောင်းကျိုးကို လုပ်နေကြတဲ့သူချင်းအတူတူ
ပဋိပက္ခတွေမဖြစ်ချင်ပါဘူး။ အခုကိစ္စကလည်း နားလည်မှုလွဲလို့ ဖြစ်ရတာပါ”ဟု
ဦးကျော်မင်းဆွေကပြောသည်။
The Voice Weekly အတွဲ ၈၊ အမှတ်
၁၃ တွင် ဖော်ပြခဲ့သော “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ
အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းဖော်ပြချက်ကြောင့်
သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် မတ်လတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး
ဒဂုံမြို့နယ်တရားရုံးက တရားလိုနှင့် သက်သေများကို စစ်ဆေးပြီး ငါးလအကြာ
ပုဒ်မ ၅၀၀ ဖြင့် ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို
စွဲချက်တင်သည့်အမိန့်ချမှတ်ခဲ့သည်။
တရားရင်ဆိုင်နေစဉ် ရှစ်လအတွင်း ရုံးချိန်းပေါင်း ၂၀ ကျော်
သွားရောက်ရင်ဆိုင်ခဲ့ရပြီး၊ အမှုအတွက် စွဲချက်မတင်သင့်ကြောင်း အယူခံကို
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် The Voice Weekly မှ
လျှောက်ထားနေစဉ်အချိန်တွင် ၀န်ကြီးဌာနဘက်မှ အမှုကိုရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။
“အမှုကိုရှေ့ဆက်ပြီး ရင်ဆိုင်ရရင် မီဒီယာအနေနဲ့ သိက္ခာကျစရာမရှိပါဘူး။ သိက္ခာပိုတက်ဖို့ပဲရှိတယ်။ ဒါပေမဲ့ အဆုံးထိသွားရင် တစ်ဖက်ကရှုံးတော့မယ်။ အဲဒီကျရင် ၀န်ကြီးဌာနအနေနဲ့ ပိုအရှက်ကွဲနိုင်သလို မီဒီယာတွေအပေါ် တင်းမာသွားနိုင်ပါတယ်။ နိုင်ငံကောင်းကျိုးကို လုပ်နေကြတဲ့သူချင်းအတူတူ ပဋိပက္ခတွေမဖြစ်ချင်ပါဘူး။ အခုကိစ္စကလည်း နားလည်မှုလွဲလို့ ဖြစ်ရတာပါ”ဟု ဦးကျော်မင်းဆွေကပြောသည်။
The Voice Weekly အတွဲ ၈၊ အမှတ် ၁၃ တွင် ဖော်ပြခဲ့သော “၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” သတင်းဖော်ပြချက်ကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် မတ်လတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့နယ်တရားရုံးက တရားလိုနှင့် သက်သေများကို စစ်ဆေးပြီး ငါးလအကြာ ပုဒ်မ ၅၀၀ ဖြင့် ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို စွဲချက်တင်သည့်အမိန့်ချမှတ်ခဲ့သ
0 comments:
Post a Comment