Pages

Friday, January 11, 2013

ကမ္ဘာနှင့်အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၇ ဘီလျံမျှရှိနေ

Add caption

နက္ခတ်ဗေဒ ပညာရှင်များက စကြာဝဠာထဲတွင် ကမ္ဘာဂြိုဟ်နှင့် အရွယ်အစား တူညီသော ဂြိုဟ်ပေါင်း (၁၇)
ဘီလျံမျှ ရှိနေကြောင်း ပြောကြားလိုက်သည်။ ပျမ်းမျှအားဖြင့် နေအဖွဲ့အစည်း (၆)ခုရှိတိုင်း (၁)ခုတွင် အနည်း
ဆုံး ကမ္ဘာနှင့် ရွယ်တူ ဂြိုဟ်တစ်လုံး လှည့်ပတ်နေလေ့ ရှိရာ နဂါးငွေ့တန်းကြီး တစ်ခုလုံးစာတွင် ယင်းအရွယ်
အစား ဂြိုဟ်ပေါင်း (၁၇)ဘီလျံမျှ ရှိနေမည်ဟု Kepler နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် လေ့လာဆန်းစစ်မှု
များ ပြုလုပ်နေသော သုတေသီများက ရှင်းလင်း ပြောဆိုခဲ့သည်။
Keplerအဖွဲ့သည် နောက်ထပ် ဂြိုဟ်သစ် (၄၆၁)လုံးကို ဖော်ထုတ်နိုင်ခဲ့သည့် နောက်တွင် စုစုပေါင်း ဂြိုဟ်အ
ရေအတွက် (၂၇၄၀)မျှထိ ရှာဖွေထားနိုင်ပြီး ဖြစ်သည်။

အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များ တွေ့ဆုံမှု အခမ်းအနားကို ကယ်လီဖိုးနီးယားတွင် ပြုလုပ်ခဲ့ရာ၌ ယင်း
တွေ့ရှိချက်ကို Keplerအဖွဲ့က တင်ပြခဲ့ခြင်း ဖြစ်သည်။ Kepler မှန်ပြောင်းကို ကမ္ဘာပတ်လမ်းထဲသို့ (၂၀၀၉)
ခုနှစ်က စတင် လွှတ်တင်ထားခဲ့သည်။ ၎င်းသည် အလွန်ကွာလှမ်းသော အနန္တ စကြာဝဠာထဲမှ ကြယ်စင်စု
ပေါင်း (၁၅၀၀၀၀)မျှထိကို မြင်တွေ့နိုင်သည့် စွမ်းရည်မျိုး ရှိနေသည်။

နေအဖွဲ့အစည်း တစ်ခုတွင် ဗဟိုပြုရာ နေ(ကြယ်)ကို ဂြိုဟ်တစ်လုံးကလှည့်ပတ်ချိန်တွင် ကြယ်၏ ထွန်းလင်း
မှု အရောင် ပျောက်သွားချိန်ကို Keplerက မှတ်တမ်းတင်ကာ ဂြိုဟ်ရံလ အရေအတွက်ကို တွက်ချက်လေ့ရှိ
သည်။ အဆိုပါ မှေးမှိန်သွားသော ကာလတိုလေးကို Transitဟု ခေါ်သည်။



ကမ္ဘာနှင့် အရွယ်အစားတူ ဂြိုဟ်များကို ရှာဖွေသည့်အခါ Keplerမှ အမြင်ဖြင့်မတွေ့ရှိနိုင်သည့် ဂြိုဟ်များကိုပါ
ခန့်မှန်းတွက်ချက် ပုံဖော်လေ့ ရှိကြောင်း သိရသည်။သုတေသီတစ်ဦးဖြစ်သူ ဖရန်ကွိုက်စ် ဖရက်ဆင်က"ကျွန်
တ်ာတို့ ပြင်ဆင်ရမှာတွေ ရှိပါသေးတယ်။ Keplerရဲ့ စာရင်းက မပြည့်စုံသေးဘူး။ ကျွန်တော်တို့ ဂြိုဟ်တွေ
ကို မြင်ရချိန်ဟာသူတို့ဗဟိုပြုနေတဲ့ ကြယ်ရဲ့အရောင်ကိုဖုံးလိုက်တဲ့ Transit ကာလလေးတွေမှာ ဖြစ်နေတတ်
တယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်နိုင်ဘဲ လည်ပတ်နေတဲ့ ဂြိုဟ်တွေလည်း နောက်ထပ် အများကြီး ရှိနေဦးမှာပါ"ဟု BBCသို့ ပြောကြားသွားသည်။

၎င်းက "နောက်ထပ် ပြင်ဆင်သင့်တဲ့ အချက်တစ်ခုက စာရင်းထဲမှာ ပါနေတဲ့ထဲက တချို့နာမည်တွေဟာ တ
ကယ့်ဂြိုဟ်တွေ မဟုတ်နိုင်ပါဘူး။ ဒါကို ဖယ်ရှားရပါမယ်။ ကျွန်တော်တို့က Transitအချိန်တွေကို ကောက်နုတ်
တွက်ချက်ထားပေမယ့် တခြား နက္ခတ်ဗေဒဆိုင်ရာ ဖြစ်စဉ်တချို့ကြောင့်လည်း နေရဲ့အရောင် မှိန်တာမျိုး
 ဖြစ်နိုင်ပါတယ်။ တကယ်တော့ Keplerရဲ့ တွေ့မြင်သမျှ စာရင်းထဲက (၉.၅)ရာခိုင်နှုန်းလောက်က အမှားအ
ယွင်း ရှိနိုင်ပါတယ်။ ကျန်တာတွေကတော့ တကယ့် ဂြိုဟ်အစစ်တွေပါပဲ"ဟုလည်း ဖရက်ဆင်က ရှင်းပြသွား
သည်။

Soure: BBC

0 comments:

Post a Comment