skip to main |
skip to sidebar
ကယားပြည်နယ် လွိုင်ကော်မြို့တွင် NLD ပါတီ ရုံးနှင့် ယခု ဖွင့်လှစ်မည့် ပြည်နယ်ကော်မရှင်ရုံးများ ဖွင့်လှစ်ထားသည်ကို ဒေသခံများမှ နားမလည်နိုင်ဖြစ်နေရ
3:45 PM
Kolatt
ကယားပြည်နယ်
လွိုင်ကော်မြို့ ၌ယခင်က ဖွင့်လှစ်ခဲ့သော NLD ပါတီ ရုံးနှင့် ယခု ဖွင့်လှစ်မည့် ပြည်နယ်ကော်မရှင်ရုံးများ ဖွင့်လှစ်ထားသည်ကို ဒေသခံများမှ
နားမလည်ကြောင်း The Street View သို့ပြောသည်။နောင်ယားရပ်ကွက်နေသူ ပါတီဝင်တစ်ဦးကလည်း “ ကျနော်တို့ အရင်က ဟော်ကြီးလမ်း၊
အိမ်အမှတ်( ၄၄ )မှာ ပြီးခဲ့တဲ့မိုးတွင်းတုန်းက ဖွင့်ပွဲသွားခဲ့ပါတယ်။အခု
တစ်ခါ တောင်ကွဲစေတီအောက်ဘက်မှာ အသစ်ထပ်ဖွင့်မယ်လို့ဖိတ်စာရောက်လာပါတယ်။
NLD ပါတီမူမှာ တစ်မြို့တည်းမှာ ၂ ရုံးမရှိရဘူးလို့ ပါပါတယ်။
ကျနော်တို့အောက်ခြေကလူတွေ ဘာမှနားမလည်တော့ပါဘူး။ ရှင်းလည်းမပြကြပါဘူး။ “
ဟုဆိုသည်။ NLD ပါတီ ဥက္ကဌ ဦးတင်ဦးနှင့် နာယက ဦးဝင်းတင်တို့မှ
သ၀ဏ်လွှာပေးပို့ ခဲ့ပြီးဖွင့်လှစ်ခဲ့သောေ ဟ်ာကြီးလမ်း ရှိ ရုံးမှ
ပါတီဝင်များမှာလည်း စည်းရုံးရေးလုပ်ငန်းများကို
ဆက်လက်လုပ်ကိုင်နေကြကြောင်းလည်းသိရသည်။
ထိုကဲ့သို့ ရုံးနေရာ ၂ ခု ဖြစ်နေခြင်းနှင့်ပက်သက် ပြီး ဟော်ကြီးလမ်းရုံးမှ
စည်းရုံးရေးမှုး စိုင်းနိုင်နိုင်ထွေးအား မေးမြန်းရာတွင် “ ကျနော်တို့ ကို
ဗဟိုက လာကြည့်စေချင်ပါတယ်။ အများနဲ့တရားဝင်ညှိနှိုင်းပြီးလုပ်စေချင်ပါတယ်။ ကျနော်တို့က ကယားပြည်နယ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုမြင့်စေချင်ပါတယ်။ “ ဟုပြောဆိုသည်။
NLD ပါတီဗဟိုညီလာခံကျင်းပရေးကော်မရှင်မှ တာဝန်ရှိသူ ဦးစိုးဝင်းမှ လည်း လာမည့် ၁၆ ရက်နေ့ လွိုင်ကော်မြို့သို့သွားရောက်ကာ
ရုံးနေရာ ၂ ခုဖြစ်နေခြင်းကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း
၊အားလုံးညီညွှတ်စွာဖြင့် ဆက်လက်လုပ်ကိုင်စေချင်ကြောင်း ၊ အဓိက
ညီညွှတ်စွာပူးပေါင်းလုပ်ဆောင်ခြင်းကို ၀ိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
တောင်ကွဲစေတီရုံးမှာ ယာယီအဖွဲ့ဝင် ၁၃ ဦးဖြင့် လက်ရှိ
ဆောင်ရွက်စရာရှိသည်များကို ဆက်လက်ဆောင်ရွက်နေကြပြီး အများဆန္ဒအရ
အသစ်ပေါ်လာမည့်အလုပ်အမှုဆောင်အဖွဲ့အား စီမံကွပ်ကဲပေးမည်အဖွဲ့သာဖြစ်ကြောင်း သိရသည်။
The Street View
0 comments:
Post a Comment