Pages

Pages - Menu

Monday, January 7, 2013

ကယားပြည်နယ် လွိုင်ကော်မြို့တွင် NLD ပါတီ ရုံးနှင့် ယခု ဖွင့်လှစ်မည့် ပြည်နယ်ကော်မရှင်ရုံးများ ဖွင့်လှစ်ထားသည်ကို ဒေသခံများမှ နားမလည်နိုင်ဖြစ်နေရ

ကယားပြည်နယ် လွိုင်ကော်မြို့ ၌ယခင်က ဖွင့်လှစ်ခဲ့သော NLD ပါတီ ရုံးနှင့် ယခု ဖွင့်လှစ်မည့် ပြည်နယ်ကော်မရှင်ရုံးများ ဖွင့်လှစ်ထားသည်ကို ဒေသခံများမှ နားမလည်ကြောင်း The Street View သို့ပြောသည်။နောင်ယားရပ်ကွက်နေသူ ပါတီဝင်တစ်ဦးကလည်း “ ကျနော်တို့ အရင်က ဟော်ကြီးလမ်း၊ အိမ်အမှတ်( ၄၄ )မှာ ပြီးခဲ့တဲ့မိုးတွင်းတုန်းက ဖွင့်ပွဲသွားခဲ့ပါတယ်။အခု တစ်ခါ တောင်ကွဲစေတီအောက်ဘက်မှာ အသစ်ထပ်ဖွင့်မယ်လို့ဖိတ်စာရောက်လာပါတယ်။ NLD ပါတီမူမှာ တစ်မြို့တည်းမှာ ၂ ရုံးမရှိရဘူးလို့ ပါပါတယ်။ ကျနော်တို့အောက်ခြေကလူတွေ ဘာမှနားမလည်တော့ပါဘူး။ ရှင်းလည်းမပြကြပါဘူး။ “ ဟုဆိုသည်။ NLD ပါတီ ဥက္ကဌ ဦးတင်ဦးနှင့် နာယက ဦးဝင်းတင်တို့မှ သ၀ဏ်လွှာပေးပို့ ခဲ့ပြီးဖွင့်လှစ်ခဲ့သောေ ဟ်ာကြီးလမ်း ရှိ ရုံးမှ ပါတီဝင်များမှာလည်း စည်းရုံးရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေကြကြောင်းလည်းသိရသည်။

ထိုကဲ့သို့ ရုံးနေရာ ၂ ခု ဖြစ်နေခြင်းနှင့်ပက်သက် ပြီး ဟော်ကြီးလမ်းရုံးမှ စည်းရုံးရေးမှုး စိုင်းနိုင်နိုင်ထွေးအား မေးမြန်းရာတွင် “ ကျနော်တို့ ကို ဗဟိုက လာကြည့်စေချင်ပါတယ်။ အများနဲ့တရားဝင်ညှိနှိုင်းပြီးလုပ်စေချင်ပါတယ်။ ကျနော်တို့က ကယားပြည်နယ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကိုမြင့်စေချင်ပါတယ်။ “ ဟုပြောဆိုသည်။

NLD ပါတီဗဟိုညီလာခံကျင်းပရေးကော်မရှင်မှ တာဝန်ရှိသူ ဦးစိုးဝင်းမှ လည်း လာမည့် ၁၆ ရက်နေ့ လွိုင်ကော်မြို့သို့သွားရောက်ကာ ရုံးနေရာ ၂ ခုဖြစ်နေခြင်းကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ၊အားလုံးညီညွှတ်စွာဖြင့် ဆက်လက်လုပ်ကိုင်စေချင်ကြောင်း ၊ အဓိက ညီညွှတ်စွာပူးပေါင်းလုပ်ဆောင်ခြင်းကို ၀ိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

တောင်ကွဲစေတီရုံးမှာ ယာယီအဖွဲ့ဝင် ၁၃ ဦးဖြင့် လက်ရှိ ဆောင်ရွက်စရာရှိသည်များကို ဆက်လက်ဆောင်ရွက်နေကြပြီး အများဆန္ဒအရ အသစ်ပေါ်လာမည့်အလုပ်အမှုဆောင်အဖွဲ့အား စီမံကွပ်ကဲပေးမည်အဖွဲ့သာဖြစ်ကြောင်း သိရသည်။

The Street View

No comments:

Post a Comment