ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတကြီးမှ အမှန်တရားများကို သိရှိနိုင်စေဘို့
ဒီစာကို ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က
စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။ စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ -
ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့
စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့
သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့ သူတစ်ယောက်ကို
ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့
ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို
ကျောင်းမှာ ကတည်းက သိခဲ့ပါတယ်၊ ဦးစိုးသိန်းဟာ တပ်မတော်မှာ
ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ
လူကြီးတွေကို လေလုံးလှလှလေးတွေနဲ့- ယုံအောင်ဖြီးတတ်တာကြောင့် -
ရုံးကြီးနဲ့လူကြီးတွေအနားမှာပဲ ဘ၀တစ်လျှောက်လုံးနေခဲ့ရပါတယ်၊ ဒါ့ကြောင့်
ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှမရှိခဲ့ဘဲ
လူကြီးအကြိုက် လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် -
ဒီအဆင့်အထိရောက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
သူလေလုံးထွားတာကိုလူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့
ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့
ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး
အဖြစ်စက်မှု(၂)၀န်ကြီးဌာနကိုပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုအယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊
သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊
ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့
ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ -
တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး
ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ-
ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင်
ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့်
စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက
သက်သေထူနေပါတယ် --
ဒါကြောင့်လည်း ကျနော်တို့ စက်မှုဝန်ကြီးဌာနက
လုပ်ငန်းတွေမှာ တစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့
ငွေတွေ
သာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲဘာလုပ်ငန်းမှအဆင်မပြေခဲ့တာဌာနကလူတွေ
အသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့
လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်- ဒါပေမယ့်လည်း
ဝန်ကြီးဌာနကသာမတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့
တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်-
သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့
ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်
လာချိန်မှာ
ဝန်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း သူ့အတွက်
ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ
သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူ
အနေနဲ့
ကျနော်တို့ဝန်ကြီးဌာနကြီးကိုသူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့ တာပါဘ-ဘယ်လောက်ထိအောင်
သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊
လှိုင်မြို့နယ် ထဲမှာရှိတဲ့ စက်ရုံတို့တွေကို
လက်
သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့
ပြောခဲ့တာလဲသူပါဘဲဗျာ။
ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို
ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်-- ကျနော်တို့ ၀န်ကြီးဌာနက
ဝန်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့
မသိသေးလို့ သိချင်
တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI
စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ အကုန်လုံးသိ
သွားပါလိမ့်မယ်-
စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား
ကိုင်ထားတာတွေများလွန်းလို့
နောက်ဝန်ကြီးကဘာလုပ်လို့
ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ် -
အင်မတန်မှလည်း တော်ပါပေတယ်ဗျာ --
ဦးစိုးသိန်းဟာ အပြောကောင်းပြီး
သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှု
ဝန်ကြီးဌာနက
ဝန်ထမ်းတွေကိုဘာပြောသလဲဆိုတော့ “ တပ်ထဲမှာတုန်းက ငါက သမ္မတကြီးနဲ့ ဂေါက်အတူ
ရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊
ငါပြောလိုက်ရင် မင်းတို့ချက်ချင်း ပြုတ်သွားမယ်
”--- ဒီလိုမျိုးစကားတွေကို
သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး
ဝန်ထမ်းတွေကို
အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး
တစ်ဦးပါပဲ၊
ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက တရုတ်သွေးပါသူမို့နာမည်မှာတရုတ်အမည်
ဒေါ်အေးကျင်
ကနေ“ကျင်”ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်-- နောက်ပြီး
သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲ
ပါတယ် - မချမ်းသာဘူး--
ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊ သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြား
မှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ Singapore
တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံ
ထားတယ်ဆိုတာ--
ကျန်တဲ့သူတွေမသိနိုင်ပေမယ့် ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့
အကုန်လုံးပဲ
သိကြပါတယ်ဗျာ-
ဒါတွေကို ကျနော်တို့ရဲ့
ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ
--
အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ အရင်လိုဂေါက်သီးအတူရိုက်တဲ့
အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊
သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင်
ကျန်နေတဲ့ဝန်ကြီးဌာနတွေကို သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် -
သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့ နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ
တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်-
စက်ရုံမှူးဟောင်းတစ်ဦး
မေးလ်ထဲကရတဲ့ သက်တော်ရှည် ၀န်ကြီးတစ်ယောက်အကြောင်း တစေ့တစောင်းပါ
ဒေါင်းမာန်ဟုန် (ဘလော့)
သူလေလုံးထွားတာကိုလူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့ ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ်စက်မှု(၂)၀န်ကြီးဌာနကိုပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုအယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့ ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ- ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက သက်သေထူနေပါတယ် --
ဒါကြောင့်လည်း ကျနော်တို့ စက်မှုဝန်ကြီးဌာနက လုပ်ငန်းတွေမှာ တစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေ
သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့ ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်
ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှု
ဒါတွေကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ
စက်ရုံမှူးဟောင်းတစ်ဦး
0 comments:
Post a Comment