Pages

Saturday, January 26, 2013

မိခင်က ဗီရိုထဲ ထည့်ပိတ်ထားသဖြင့် သေလုမြောပါးဖြစ်သွားရသည့် ကလေးငယ်

မိခင်က ဗီရိုထဲ ထည့်ပိတ်ထားသဖြင့် သေလုမြောပါးဖြစ်သွားရသည့် ကလေးငယ်

အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူက ဗီရိုထဲထည့်ပိတ်ထားသဖြင့် အစာရေစာပြတ်ကာ သေလုမြောပါးဖြစ်ခဲ့ရသည့် ပြစ်မှုတစ်ခု မကြာသေးမီက ဖြစ်ပွားခဲ့သည်။

ကင်းဆက်မြို့မှ အသက် ၂၉ နှစ်အရွယ်ရှိ ဂျာကိုးလ် ပရိုက်စ်ဆိုသူအား ကလေးသူငယ်ဆိုင်ရာ အကြမ်းဖက်မှု ဖြင့် အရေးယူပေးရန် ကလေးသူငယ်ဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့မှ တရားစွဲထားကြောင်း ထိုအမှုကို ဦးဆောင် လိုက်ပေးသူ ဂျက်ဆန်မြို့တော်ဒေသဆိုင်ရာရှေ့နေကြီး ဂျင်း ပီတာ ဘေကာက မီဒီယာသို့ ထုတ်ဖော်ပြောကြား ခဲ့သည်။

ပရိုက်စ်ကို သမီးဖြစ်သူအား ဗီရိုထဲမှ ရှာဖွေတွေ့ရှိပြီးနောက်တစ်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ကလေး သည် ရှာဖွေတွေ့ရှိချိန်တွင် ပေါင် ၃၀ ခန့်သာရှိတော့ကြောင်း၊ ဗီရိုထဲတွင် ထည့်ပိတ်ထားချိန်မှာ အချိန်အတော် လေးကြာနေဟန်ရှိကြောင်း၊ ထည့်ပိတ်ထားသည့်ကာလတွင်လည်း အစာရေစာတိုက်ကျွေးခြင်းမရှိကြောင်း၊ အဘယ်ကြောင့် သမီးဖြစ်သူကို ဗီရိုထဲထည့်ပိတ်ထားရသနည်းဟုမေးရာ အမြင်ကပ်လို့ဟုပြန်ဖြေကြောင်း သိရ သည်။

သမီးဖြစ်သူသည် ယခင်က ၃၂ ပေါင်ခန့်ရှိကြောင်း၊ သူမကို မိခင်က ဂရုမစိုက်ကြောင်း၊ ထို့ကြောင့် ကြည့်လိုက် လျှင် အမြဲညစ်ပတ်နေတတ်ကြောင်း၊ ကလေးသည်အိမ်ထဲတွင် ရှိနေသည်ဟုပင် မထင်ရကြောင်း အိမ်နီးချင်းတစ်ဦးဖြစ်သူ မစ္စဘေကာ ကပြောကြားခဲ့သည်။

ကလေးကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ပေးလိုက်ရပြီး ပြန်လည်ကျန်းမာလာသဖြင့် အသက် ၁၁ နှစ်မြောက် မွေးနေ့ကို ဆေးရုံကပင် လုပ်ပေးကြောင်း သိရသည်။ ပရိုက်စ်ကိုမူ ဥပဒေအရဆက်လက်အရေးယူသွားမည်ဖြစ် ကြောင်း ရှေ့နေကပြောကြားသည်။ 

Category: မောက္ခနိုင်ငံတကာသတင်း
Written by ရွှေမောင်

အေးချမ်းမွန်မှ မောက္ခ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူက ဗီရိုထဲထည့်ပိတ်ထားသဖြင့် အစာရေစာပြတ်
ကာ သေလုမြောပါးဖြစ်ခဲ့ရသည့် ပြစ်မှုတစ်ခုမကြာသေးမီက ဖြစ်ပွားခဲ့သည်။ကင်းဆက်မြို့မှအသက် ၂၉ နှစ်
အရွယ်ရှိ ဂျာကိုးလ် ပရိုက်စ်ဆိုသူအား ကလေးသူငယ်ဆိုင်ရာ အကြမ်းဖက်မှု ဖြင့်--------------------------- အရေးယူပေးရန် ကလေးသူငယ်ဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ့မှ တရားစွဲထားကြောင်း ထိုအမှုကို ဦးဆောင် လိုက်ပေးသူ ဂျက်ဆန်မြို့တော်ဒေသဆိုင်ရာရှေ့နေကြီး ဂျင်း ပီတာ ဘေကာက မီဒီယာသို့ ထုတ်ဖော်ပြော
ကြား ခဲ့သည်။

ပရိုက်စ်ကို သမီးဖြစ်သူအား ဗီရိုထဲမှရှာဖွေတွေ့ရှိပြီးနောက်တစ်နေ့တွင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ကလေး
သည် ရှာဖွေတွေ့ရှိချိန်တွင် ပေါင် ၃၀ ခန့်သာရှိတော့ကြောင်း၊ ဗီရိုထဲတွင် ထည့်ပိတ်ထားချိန်မှာ အချိန်အ
တာ် လေးကြာနေဟန်ရှိကြောင်း၊ ထည့်ပိတ်ထားသည့်ကာလတွင်လည်း အစာရေစာတိုက်ကျွေးခြင်းမရှိ
ကြာင်း၊ အဘယ်ကြောင့် သမီးဖြစ်သူကို ဗီရိုထဲထည့်ပိတ်ထားရသနည်းဟုမေးရာ အမြင်ကပ်လို့ဟုပြန်
ဖြေကြောင်း သိရ သည်။

သမီးဖြစ်သူသည် ယခင်က ၃၂ ပေါင်ခန့်ရှိကြောင်း၊ သူမကို မိခင်က ဂရုမစိုက်ကြောင်း၊ ထို့ကြောင့် ကြည့်
လိုက် လျှင် အမြဲညစ်ပတ်နေတတ်ကြောင်း၊ ကလေးသည်အိမ်ထဲတွင် ရှိနေသည်ဟုပင် မထင်ရကြောင်း အိမ်နီးချင်းတစ်ဦးဖြစ်သူ မစ္စဘေကာ ကပြောကြားခဲ့သည်။

ကလေးကိုတာဝန်ရှိသူများက ဆေးရုံသို့ပို့ပေးလိုက်ရပြီး ပြန်လည်ကျန်းမာလာသဖြင့်အသက်၁၁ နှစ်မြောက်
မွးနေ့ကို ဆေးရုံကပင် လုပ်ပေးကြောင်း သိရသည်။ ပရိုက်စ်ကိုမူ ဥပဒေအရဆက်လက်အရေးယူသွား
မည်ဖြစ် ကြောင်း ရှေ့နေကပြောကြားသည်။

Category: မောက္ခနိုင်ငံတကာသတင်း
Written by ရွှေမောင်

0 comments:

Post a Comment

 
world time