Pages

Monday, January 14, 2013

အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ဘီယွန်းစေးနှင့် အနုပညာရှင် များစွာ ဖျော်ဖြေ မည်

အိုဘားမားအား သမ္မတရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ဘီယွန်းစေးနှင့် အနုပညာရှင် များစွာ ဖျော်ဖြေ မည်

အမေရိကန် သမ္မတ ဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယ အကြိမ် သမ္မတ သက်တမ်း ရာထူး အပ်နှင်းပွဲ အခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ အခမ်းအနား၌
ပေါ့ပ် အဆိုရှင်များ ဖြစ်ကြသည့် ဘီယွန်းစေးနိုးလ်နှင့် ကယ်လီ ကလက်ဆွန်တို့ အပြင် ကျေး လက်ရိုးရာ ဂီတ ဝါရင့် အဆိုရှင်ကြီး ဂျိမ်းစ်တေးလာတို့ ပါ ဝင် ဖျော်ဖြေသွားမည်ဟု သိရသည်။ ရာထူး အပ်နှင်းခြင်း အခမ်းအနား တွင် ပါဝင် ဖျော်ဖြေမည့် အနုပညာရှင် များကို ရွေးချယ်ရာတွင် သမ္မတ အိုဘားမား ကိုယ်တိုင် ပါဝင်ကြောင်း ပွဲစီစဉ် သူများက ပြောကြားခဲ့သည်။ သမ္မတ အိုဘားမားက အမေရိ ကန် နိုင်ငံ၏ ပုံပြင်များကို သီကြွေးထားသည့် ရှေးခေတ် ရိုး ရာ တေးသီချင်းများကို နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ အိုဘားမား၏ သမ္မတ ရာထူး အပ်နှင်းခြင်း အခမ်းအနားတွင် ကျူဘား အမေရိကန် အဆိုတော် ရစ်ချက် ဘလန်ကိုလည်း ပါဝင်မည်ဖြစ်ကြောင်း ဘီ ယွန်းစေးသည် နိုင်ငံတော် သီချင်းကို သီဆိုမည်ဖြစ်ပြီး ကလက်ဆွန်က My Country Tis of Thee တေးသီချင်းကို သီဆိုမည်ဖြစ်ပြီး တေးလာက အမေရိ ကန် နိုင်ငံ၏ အလှအပ များကို ညွှန်းဆိုထားသော America the Beautiful တေးသီချင်းကို သီဆိုမည် ဖြစ်သည်။ ဂျိမ်းစ် တေးလာနှင့် ဘီယွန်းစေးတို့သည် ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့သော သမ္မတ အိုဘားမား၏ ပထမအကြိမ် သမ္မတ အဖြစ် ရာထူး အပ်နှင်းခြင်း အခမ်းအနား တွင်လည်း ပါဝင် တင်ဆက်ခဲ့သူ များ ဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/arts/artcorner/item/4108-2013-01-11-09-25-26

အမေရိကန် သမ္မတဘားရက် အိုဘားမားအား ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းရာထူး အပ်နှင်းပွဲအခမ်းအနားကို ဝါရှင်တန်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါအခမ်း အနား၌ပေါ့ပ်အဆိုရှင်များဖစ်ကြသည့် ဘီယွန်းစေးနိုးလ်နှင့်ကယ်လီ ကလက်ဆွန်တို့အပြင် ကျေးလက်ရိုးရာ ဂီတဝါရင့် အဆိုရှင်ကြီး ဂျိမ်းစ်တေးလာတို့ပါဝင်ဖျော်ဖြေသွားမည်ဟုသိရသည်။ ရာထူးအပ်နှင်းခြင်း အခမ်းအနားတွင် ပါဝင်ဖျော်ဖြေ မည့်အနုပညာရှင်များကို ရွေးချယ်ရာတွင် သမ္မတအိုဘားမားကိုယ်တိုင်ပါဝင်ကြောင်း ပွဲစီစဉ်သူများ က ပြောကြားခဲ့သည်။ သမ္မတအိုဘားမားက အမေရိကန်နိုင်ငံ၏ပုံပြင်များကိုသီကြွေးထားသည့်ရှးခေတ် ရိုးရာ တေးသီချင်းများကို နှစ်သက်ကြောင်း
ပြောကြားခဲ့သည်။

သမ္မတအိုဘားမား၏ သမ္မတရာထူးအပ်နှင်းခြင်း အခမ်းအနားတွင် ကျူဘားအမေရိကန် အဆိုတော် ရစ်ချက်ဘလန်ကိုလည်း ပါဝင်မည်ဖြစ်ကြောင်း ဘီယွန်းစေးသည် နိုင်ငံတော်သီချင်းကို သီဆိုမည်ဖြစ်ပြီး ကလက်ဆွန်က My Country Tis of Thee တေးသီချင်းကို သီဆိုမည်ဖြစ်ပြီး တေးလာက အမေရိ ကန် နိုင်ငံ၏ အလှအပများကို ညွှန်းဆိုထားသော America the Beautiful တေးသီချင်းကို သီဆို မည် ဖြစ်သည်။ ဂျိမ်းစ် တေးလာနှင့် ဘီယွန်းစေးတို့သည် ၂ဝဝ၉ ခုနှစ်က ပြုလုပ်ခဲ့သော သမ္မတအိုဘားမား ၏ ပထမအကြိမ် သမ္မတအဖြစ်ရာထူးအပ်နှင်းခြင်း အခမ်းအနားတွင်လည်း ပါဝင်တင်ဆက်ခဲ့သူ များ ဖြစ်ကြောင်း သိရသည်။
မြ၀တီ

0 comments:

Post a Comment