Pages

Monday, January 14, 2013

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့်တက်ရောက်နိုင်မှုကြောင့် တောင်တက်လမ်းတစ်လျှောက်ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်အကိုင်ရှားပါးလာ

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ တောင်တက်ကားများဖြင့်တက်ရောက်နိ
ုင်မှုကြောင့် တောင်တက်လမ်းတစ်လျှောက်ဈေးဆိုင်များနှင့် အထမ်းသမားများ အလုပ်အကိုင်ရှားပါးလာပြီး စားဝတ်နေရေး ကျပ်တည်းလာမှုကို ဖြေရှင်းပေးရန်အတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့မှဒေသခံ ၂၀၀ ခန့်သည် ဇန်န၀ါရီ ၁၅ ရက် နံနက် ၉ နာရီခွဲတွင် ဆန္ဒဖော်ထုတ်ကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူ စိုးစံလက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းကပြောသည်။အဆိုပါဆန္ဒပြပွဲကို သက်ဆိုင်ရာက ခွင့်ပြုချက်ပေးထားပြီး "လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖျက်သိမ်းပေး" "တန်းတူညီမျှအခွင့်အရေးချက်ခြင်းပေး" "ခရိုနီအုပ်စုများ အလိုမရှိ" "အများစုရဲ့ဆန္ဒ လေးစားရေး ဒို့အရေး" စသည့် ကြွေးကြော်သံများနှင့် ပိုစတာများကိုင်ဆောင် ဆန္ဒဖော်ထုတ်မည်ဟု ကိုဇော်ဝင်းကပြောသည်။

ကျိုက်ထီးရိုးဘုရားရင်ပြင်သို့ ပြေးဆွဲသော တောင်တက်ကားများမှာ ယခင်က ကင်ပွန်းစခန်းမှ ရသေ့တောင်အထိသာ တက်ရောက်လေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ရင်ပြင်တော်လမ်းဆုံအထိတက်ရောက်နေကြသဖြင့် ထိုလမ်းတစ်လျှောက်ရှိ ဈေးဆိုင်များနှင့် အထမ်း
သမားများ အလုပ်မရှိဖြစ်နေကြကြောင်း သတင်းရရှိသည်။
 7days News:

0 comments:

Post a Comment

 
world time