Pages

Wednesday, January 2, 2013

သမ္မတကတိ ကေအိုင်အေဌာနချုပ်ကို သိမ်းမည်မဟုတ်ဟု ဆိုထားသော်လည်း--------

တပ်မတော်မှ တိုက်လေယာဉ်များဖြင့် KIA စခန်းများကို တိုက်ခိုက်နေပုံအား မျက်မြင်ကိုယ်တွေ့သတင်းယူနေသော ရန်ကုန်မြို့အခြေစိုက် သတင်းမီဒီယာများ။
တပ်မတော်မှ တိုက်လေယာဉ်များဖြင့် KIA စခန်းများကို တိုက်ခိုက်နေပုံအား မျက်မြင်ကိုယ်တွေ့သတင်းယူနေသော ရန်ကုန်မြို့အခြေစိုက် သတင်းမီဒီယာများ
ကအိုင်အေဌာနချုပ်လိုင်ဇာကိုတိုက်ခိုက်သိမ်းပိုက်မည်မဟုတ်ဟုသမ္မတကိုယ်တိုင်ပြောထားပြီးဖြစ်ကြောင်း
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြော သည်လိုင်ဇာကိုသိမ်းဖို့ မရှိပါဘူး။သမ္မတကြီးကကတိ
ပေးပြီးသားပဲ။ သမ္မတကြီးပေးတဲ့ ကတိက လူကြီးပေး တဲ့ ကတိပဲ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လိုင်ဇာမြို့ အ၀င် နှင့် သတင်းသမားများ 

by Wunna Nna
လိုင်ဇာမြို့ အ၀င် နှင့် သတင်းသမားများ
လက် ရှိ တွင် လိုင်ဇာနှင့်အနီးတစ်ဝိုက် ၌ ဒီဇင်ဘာ ၂၈ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိ
ခိုက်မှု လည်းပိုများကြောင်း၊ အနီးကပ်တိုက်ပွဲ ဖြစ်သောကြောင့် ပခုံး ထမ်းလောင်ချာများ အသုံးပြုကာ တိုက်
နကြကြောင်း ကေအိုင်အေမှပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

”အဓိက ကတော့ လဂျားယန်နား တစ်ဝိုက်ကိုပေါ့။ အဓိက ပစ်မှတ်ထားပြီး ပစ်တဲ့ ပုံစံမျိုးပါ။ ဗုံးကြဲလာတာမျိုး
လည်း ရှိတယ်” ဟု ¤င်းက ပြောသည်။ ”စစ်အရှိန်မြှင့်ပြီးလိုင်ဇာကိုတိုက်တာဖြစ်လာတယ်ဆိုရင်ကချင်လူထု
ကြားမှာ လူမျိုးရေးမုန်းတီးမှုတွေ ပိုဖြစ် လာနိုင်တယ်။ 

လိုင်ဇာရဲ့ အနေအထား ကိုကြည့်တော့ အပြင်စည်း ပတ်ပတ်လည်မှဒုက္ခသည်စခန်းတွေ၊ ဒီဒုက္ခ သည်စခန်း
တွေ ခံနေတဲ့အပေါ်မှာ စစ်ဆင်ရေးလုပ်ရင် ဒီလူတွေ အများကြီး သွားထိခိုက်နိုင်တယ်” ဟု ၄င်းက ပြောသည်
။ဒီဇင်ဘာ ၂၃ ရက်မှစ၍ ကွတ်ခိုင်မြို့ပေါ်သို့ ဂါလွိန်၊ နားချမ် စသည်တို့မှ ဒုက္ခသည် ၂၉ဝ ကျော်ရောက်ရှိလာ
ပြီး ကွတ်ခိုင် ဃ့ကမခ့ တွင် ခိုလှုံနေကြကြောင်း၊ နောက်ထပ် လည်း စစ်ပြေးဒုက္ခသည် များ ထပ်ရောက်လာ
ရန် ရှိေ ကြာင်း ကချင်ဒေသခံတစ်ဦးက ပြော သည်။”မနေ့က (ဒီဇင်ဘာ ၃ဝ) မှာ လေးကြိမ်ပစ်တယ်။

လတ်တလော လိုင်ဇာမြို့ ပုံရိပ် ....

by Wunna Nna
လတ်တလော လိုင်ဇာမြို့တွင် လူကင်းမဲ့နေ

အခုလည်း ပစ် နေတာပဲ” ဟုအဆိုပါဒေသခံက ပြောသည်။လက်ရှိတွင်ဒုက္ခသည်စခန်းအနီးကိုလက်နက်ကြီး
များနှင့် ပစ် ခတ်မှု မရှိသေးသော်လည်း ဒုက္ခ သည် စခန်းပေါ်မှပျံသန်းကာပစ်မှတ်ကိုရှာခြင်းမျိုး ဖြစ်၍ ဒေသ
ခံ များ အထိ တ်တလန့် ဖြစ်နေကြသည် ဟုဦးလနန်က ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ကချင်ဒေသခံ
တစ်ဦးက ”ထိုးစစ် မဆင်ဘူးလို့ ပြောထားတယ်ဗျာ၊ဒါပေမဲ့ လေယာဉ်ပျံတွေသုံးထား တယ်ဖားကန့်ဘက်မှာ
လည်း ဖြစ်နေတယ်။ နိုင်ငံရေးဘက်မှာလုပ်နေကြတဲ့သူတွေအာရုံစိုက်သင့်ပြီ။၈၈မျိုးဆက်တို့ လွှတ် တော်တို့
က တာဝန်ရှိသူတွေ ကွင်း ဆင်းလေ့လာသင့်တယ်” ဟု ¤င်း ၏ အမြင်ကို ပြောသည်။

@[168524003243357:274:Photography]
သတင်းမီဒီယာများမှလဲ လက်နက် အစုံအလင်။

Peace Center  မှ ပဋိပက္ခ ဖြေရှင်းရေးပညာရှင် ဒေါက်တာ မင်းဇော်ဦးက တိုက်ပွဲ များ ပြင်းထန် လာပါက အ
နည်းနှင့်အများ ပြည် သူကို ထိခိုက်နိုင်သည့်အတွက် ပြည်သူများကိုအကာအကွယ်ပေး နိုင်ရေး နှစ်ဖက်စလုံး
က ဆောင် ရွက်ရန် လိုကြောင်း ပြောသည်။တိုက်ပွဲများ ပြင်းထန်လာပါက ငြိမ်းချမ်းရေး  သဘာဝများ လျော့
ကျသွားသည့် သဘောရှိကြောင်း၊ မည်သည့်ဘက်က မှားသည် မှန် သည်ကိုအဖြေထုတ်နေမည့်အစား တိုက်
ပွဲများ ပြင်းထန်လာ သည့် အကြောင်းရင်းကို သိရန် လို အပ်ကြောင်း၎င်းကပြောသည်။”တိုက်ပွဲချက်ချင်း ရပ်
ဆိုင်းဖို့ ဆိုရင်ဒီလိုအချိန်မှာ ကေအိုင်အိုဘက်ကတပ်မှူးတွေနဲ့တပ်မတော်ဘက်ကတပ်မှူးတွေ စားပွဲဝိုင်းပေါ်
တက် မြေပုံချပြီး ဆွေးနွေးမှပဲ ရတော့မယ်” ဟု ၄င်းကပြော သည်။

လိုင်ဇာကို တိုက်သည့်အခြေ အနေ ဖြစ်လာပါက အစိုးရမှ တွေ့ဆုံဖြေရှင်းသည့် ပုံသဏ္ဌာန် မကျင့်သုံးဘဲ စစ်
ရေးအရ ဖြေရှင်း သည့်ပုံသဏ္ဌာန်ကျင့်သုံးသည့် ပုံရိပ်မျိုးဖြစ် လာနိုင်ကြောင်း ၄င်းက ပြောသည်။လိုင်ဇာနှင့် ၁ဝ မိုင်ဝန်းကျင် တွင် ဒီဇင်ဘာ ၂၈ ရက်မှစ၍ တိုက်ပွဲ များ ဖြစ်ပွားနေပြီး ဒီဇင်ဘာ ၃ဝ ရက်တိုက်ပွဲတွင် ကေ
အိုင်အေ ဘက်မှ ၄ ဦးကျပြီး ထိခိုက်ဒဏ်ရာ ရသူ ၅ ဦးခန့် ရှိကြောင်း၊ လက် နက်ကြီး  (၈၄-မမ) ထိမှန်သူ ၃ဝ ဦးခန့်ရှိကြောင်းဦးလနန်က ပြော သည်။

 စစ်တပ်ဘက်မှာလည်း ထိ ခိုက်မှုတော့ များမယ်ထင်တယ်။ ဦးရေတော့ တိတိကျကျ ပြောလို့ မရနိုင်ဘူး။ မ
နေ့ကဆို ကိုက်၅ဝအကွာမှာ ပစ်ကြတာ ဆိုတော့ သူတို့ဘက်ကလည်း ထိခိုက်မှာ တော့ အမှန်ပဲ” ဟု ၄င်းက
ပြောသည်။သမ္မတရုံး ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက ၂ဝ၁၃ခုနှစ်အတွင်းUNFCအပါအဝင် ကေအိုင်
အိုနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းေ ရးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဟုဇန်နဝါ
ရီ ၁ ရက်တွင် ပြောသည်။
 Popular Myanmar News:

0 comments:

Post a Comment

 
world time