Pages

Monday, December 24, 2012

မီးလောင်မှုကိုသိရှိနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ခြင်းကို မူလရွေးချယ်ထားသည့် နေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲ ရှိမည်


မီးလောင်မှုကိုသိရှိနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ခြင်းကို မူလရွေးချယ်ထားသည့် နေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲ ရှိမည်  

Monday, 24 December 2012 

မြန်မာနိုင်ငံတွင် မီးလောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ဆောင်ရွက်မှုကို ယခင်ရွေးချယ်ထားသည့် နေရာ ၄ ခုနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲများ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် ယင်းလုပ်ငန်းကို လာမည့် ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ သုံးလအတွင်း ပြီးဆုံးအောင်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုရွေးချယ်ထားသည့်နေရာများနှင့် အဆင်မပြေနိုင်မှုများ ရှိပါက အခြားသောနေရာများသို့ ပြောင်းလဲတပ်ဆင်သွားရန်နှင့် ယခုရွေးချယ်ထားသည့်နေရာသည် မီးလောင်မှုကို သိရှိနိုင်ရန်အတွက် အချက်အချာကျဆုံးနေရာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အခုတော့ ပစ္စည်းကိရိယာဝယ်ယူမှုတွေ လုပ်နေပါပြီ။ သုံးလအတွင်း အပြီးလုပ်ဆောင်သွားမှာပါ။ မြန်မာနိုင်ငံက နည်းပညာတွေနဲ့ပဲ လုပ်ကိုင်သွားမှာပါ။ အခုရွေးထားတဲ့နေရာနဲ့ အဆင်မပြေရင်တော့ နေရာအပြောင်းအရွေ့လေးတော့ နည်းနည်းရှိနိုင်ပါတယ် ဒါကလည်း အဆင်မပြေမှပါ'' ဟု ပြောသည်။

အဆိုပါကင်မရာများကို ရန်ကုန်မြို၌ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၊ ဆာကူရာတာဝါ၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်နှင့် ရန်ကင်းဘောက်ထော်လမ်းရှိ မြ၀တီရုံးတို့၌ တပ်ဆင်သွားမည်ဖြစ်ကာ ယင်းနေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းရွေ့များ ရှိနိုင်ကြောင်း ယင်းကဆက်လက်ပြောခဲ့သည်။


အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
photo from: google

 
မြန်မာနိုင်ငံတွင်မီးလောင်မှုများကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက်ရန်ကုန်မြို့ရှိအထပ်မြင့်အဆောက်
အအုံများတွင် CCTV တပ်ဆင်ဆောင်ရွက်မှုကို ယခင်ရွေးချယ်ထားသည့် နေရာ ၄ ခုနှင့် အဆင်မပြေပါက
 နေရာအပြောင်းအလဲများ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။ ထို့နောက် ယင်းလုပ်ငန်းကို လာမည့် ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ သုံးလအတွင်း ပြီးဆုံးအောင်ပြုလုပ်
သွားမည်ဖြစ်ပြီး ယခုရွေးချယ်ထားသည့်နေရာများနှင့် အဆင်မပြေနိုင်မှုများ ရှိပါက အခြားသောနေရာများ
သို့ ပြောင်းလဲတပ်ဆင်သွားရန်နှင့် ယခုရွေးချယ်ထားသည့်နေရာသည် မီးလောင်မှုကို သိရှိနိုင်ရန်အတွက် အချက်အချာကျဆုံးနေရာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အခုတော့ ပစ္စည်းကိရိယာဝယ်
ယူမှုတွေ လုပ်နေပါပြီ။ သုံးလအတွင်း အပြီးလုပ်ဆောင်သွားမှာပါ။ မြန်မာနိုင်ငံက နည်းပညာတွေနဲ့ပဲ လုပ်
ကိုင်သွားမှာပါ။ အခုရွေးထားတဲ့နေရာနဲ့ အဆင်မပြေရင်တော့ နေရာအပြောင်းအရွေ့လေးတော့ နည်းနည်း
ရှိနိုင်ပါတယ် ဒါကလည်း အဆင်မပြေမှပါ'' ဟု ပြောသည်။

အဆိုပါကင်မရာများကို ရန်ကုန်မြို၌ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၊ ဆာကူရာတာဝါ၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်နှင့် ရန်ကင်းဘောက်ထော်လမ်းရှိ မြ၀တီရုံးတို့၌ တပ်ဆင်သွားမည်ဖြစ်ကာ ယင်းနေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းရွေ့များ ရှိနိုင်ကြောင်း ယင်းကဆက်လက်ပြောခဲ့သည်။


 
Eleven Media Group 

0 comments:

Post a Comment

 
world time