Pages

Thursday, December 6, 2012

ဖီလစ်ပိုင်နိုင်ငံတွင် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်း ဘိုဖာ တိုက်ခတ်ခဲ့မှုကြောင့် လူ ၃၅၀ ခန့်သေဆုံးကာ လူပေါင်း ရာနှင့်ချီပျောက်ဆုံး

bopha


ဖီလစ်ပိုင်နိုင်ငံတွင် အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းဘိုဖာဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့်လူပေါင်း
၃၅ ခန့်သေဆုံးပြီး မြေပြိုမှုနှင့် ရေကြီးမှုအတွင်း အရေအတွက် ဒေသခံ ၄၀၀ နီးပါး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ယနေ့ (ဒီဇင်ဘာ ၆ ရက်) ထုတ်ဖော်ပြောကြားသည်။
ဖီလစ်ပိုင်တွင် အင်္ဂါနေ့ (ဒီဇင်ဘာ ၄ ရက်) က တိုက်ခတ်ခဲ့သည့် ဘိုဖာ တိုင်ဖွန်းမုန်တိုင်း၏ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၇၅ မိုင်ရှိခဲ့ပြီး မုန်တိုင်းဗဟိုချက်နှင့် နီးကပ်သော နေရာများတွင် တစ်နာရီလျှင် ၉၃ မိုင်အထိ
ပြင်းထန်ခဲ့သည်။




မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရသည့် ကွန်ပိုစတီလာဒေသတစ်ခုတည်း၌ပင် သေဆုံးသူအနည်းဆုံး ၂၀၀
 ရှိကြောင်း သိရသည်။ ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်သူများမှာ မုန်တိုင်းဒဏ်ကို အဆိုးရွား
ဆုံး ခံခဲ့ရသည့် နေရာများသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သွားလာရေးခက်ခဲသော အချို့ကျေးရွာများသို့
မူ ရောက်ရှိနိုင်ခြင်း မရှိသေးကြောင်း AP သတင်းက ပြောကြားသည်။


Planet Myanmar Network:




0 comments:

Post a Comment

 
world time