လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီ
မြို့နယ် ကျောက်လုံးကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကိုထိုင်းနိုင်ငံရောက် မြန်မာပြည်သားများအ
သင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအထူးထောက်လှမ်းရေးအဖွဲ့ (DSI)၊ မြန်မာသံရုံး၊ နခွန်ပသွန်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့
MAT ပူးပေါင်းအဖွဲ့တို့က မနေ့ည(၂)နာရီက ဝင်ရောက်ဖမ်းဆီးရာမှာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့
စွဲခံရတဲ့ အသက်(၃၉)နှစ်အရွယ် မသူဇာနဲ့ သူမရဲ့လက်ထောက် အမျိုးသားတဦးကို ဖမ်းဆီးရမိတာပါလို့
MAT အဖွဲ့ခေါင်းဆောင် ဦးကျော်သောင်းက ပြောပါတယ်။
နခွန်ပသွန်နယ်မြေကသစ်ခွပန်းခြံထဲမှာ မြန်မာအလုပ်သမားတွေကို ရောင်းစားတဲ့ပွဲစားဂိုဏ်းခေါင်းဆောင်
အမျိုးသမီးနဲ့ သူရဲ့လက်ထောက်ပွဲစား အမျိုးသားတယောက်ကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေကနေပြီးတော့
မနေ့ညကလက်ရဖမ်းဆီးနိုင်ခဲ့တယ်ပေါ့သူတို့နဲ့အတူ ရောင်းစားခံရတဲ့အလုပ်သမား(၈)ယောက်ကိုလည်းပဲ
ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်၊
အဲဒီအမျိုးသမီးရောင်းစားထားတဲ့ လူတွေက အများဆုံးတနှစ်ကျော်ကျော်၊ အနည်းဆုံး (၂)လကျော်ကျော်
ကြာတဲ့သူတွေဖြစ်တယ်"
အရောင်းစားခံရသူတွေဟာ မြဝတီကနေ ကိုလင်းဆိုသူပွဲစားကနေ အကြွေးနဲ့ပေးပို့လို့ (၅)လပိုင်းကတည်း
က ထိုင်းနိုင်ငံ အတွင်းက လူပွဲစားမသူဇာဆီ ရောက်ရှိလာတာဖြစ်ပါတယ်၊ ဒီလူတွေဟာ ယခင်က ကန်ချန
ဘူရီခရိုင်၊ ဝိုင်တနာနတ်သီးဖျော်ရည်ထုတ်စက်ရုံမှာအလုပ်စေခိုင်းခံထားရပြီးအဲဒီကမှတင်ရှိနေတဲ့ အကြွေး
ကျေဖို့ တလကုန်(၁၀)လပိုင်းမှာ ဒီပန်းခြံကိုထပ်မံ ရောင်းချစေခိုင်း တာပါလို့ လွတ်မြောက် လာသူတဦးဖြစ်
တဲ့ အသက်(၁၉)နှစ်အရွယ် ကိုသူရိန်(ခေါ်)ကိုမိုးဇက်ကပြောပါတယ်၊သူတို့တွေအလုပ်လုပ်စဉ်ကာလ အနှိပ်
စက် ခံရပုံကိုလည်းသူက အခုလို ရှင်းပြပါတယ်။
"ကျနော်တို့ကို မြန်မာပြည်မှာ ကျနော်တို့ ခေါ်တက်တာပေါ့ (၉၅၀၀)ဆိုပြီးတော့ ဒီရောက်တော့သူ (၁၃၀
၀၀)ယူတယ်၊ ဒီအလုပ်လုပ်တာပေါ့နော် လုပ်ပေးတယ် မလုပ်နိုင်ဘူးဖျားတယ်နာတဲ့အခါကြ
ဆဲလည်းဆဲတာပေါ့နော် ပြောတယ်၊
သူတို့စကားနားမထောင်လို့ရှိရင်ေ
ထစ်ကနဲဆိုလို့ရှိရင် သူများကို သံဒုတ်နဲ့ရိုက်တာတို့၊ ကျနော့်သူငယ်ချင်းနဲ့ စကားများတော့စကားများရ
ကောင်းလားလို့ ကျနော့်ကိုလည်းရိုက်တယ်
ကျနော့်ပါးစပ်ထဲကသွေးထွက်တယ်၊ ကျနော့်မိန်းမကြတော့ အဲဒီနေ့က နေမကောင်းလို့ အလုပ်မဆင်းထား
ဘူးမသူဇာကမျက်နှာကိုနင်းပြီးတော့ ခြေထောက်နဲ့ ဆောင့်ကန်တယ်အဲဒါနှာခေါင်းထဲက သွေးထွက်တယ်
နှစ်ခါ"
ပန်းခြံသန့်ရှင်းရေးအဖြစ် ထပ်မံရောင်းစားခံရပြီးတဲ့အခါမှာ
လိုက်ရိုက်ရာမှာ ထွက်ပြေးရင်း ဘန်ကောက်မြို့နေ မိခင်ဖြစ်သူဆီရောက်ခဲ့ပေမယ့်၊မိန်းမဖြစ်သူမအေးအေး
မာ ကျန်နေလို့ မိခင်ဖြစ်သူ ဒေါ်မိမိခိုင်ဆီက ဗီဒီယိုကင်မရာကို ယူသွားပြီးပြန်ရွေးဖို့ သွားတာမှာ သူ့ကိုတော့
လှေကိုရောင်း စားပြီး၊ မိန်းမဖြစ်သူကို ပြည့်တန်ဆာရုံကို ပို့မယ်လို့ ပြောဆိုကြောင်းလဲသူက ပြောပါတယ်။
RFA ( (မြန်မာပိုင်း)
0 comments:
Post a Comment