Pages

Wednesday, December 19, 2012

မြန်မာပြည်မှ ဒုက္ခသည်များဟု ယူဆရဖွယ်ရှိသည့် ပင်လယ်ပြင် ဒုက္ခသည် ၄၀ ကို မလေးရှား လက်ခံလိုက်

ပင်လယ်ပြင်တွင်စင်္ကာပူ ရေကြောင်းအဏာပိုင်မှကမ်းကပ်ခွင့်ငြင်းပယ်ခံထားရသည့်မြန်မာပြည်မှဒုက္ခသည်

များဟု ယူဆရဖွယ်ရှိသည့် လူ ၄၀ ဦးအား အင်္ဂါနေ့က မလေးရှား နိုင်ငံမှလက်ခံထားလိုက်ပြီ ဖြစ်ကြောင်းသိ

ရသည်။
အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်းရှိ ၎င်းတို့အား တပါတ်ကျော်ကျော်က မြန်မာ့ပင်လယ်ပြင်တွင် ဗီယက်နမ်

ကုန်တင် သင်္ဘောတစီးက တွေ့ရှိဆယ်ယူခဲ့ခြင်း ဖြစ်သည်ဟု The Wall Street Journal အင်တာနက် စာ

မျက်နှာတွင် ဖော်ပြ ပါရှိသည်။


ထို့နောက် စင်္ကာပူ နိုင်ငံက အဆိုပါကုန်တင်သင်္ဘောအားစင်္ကာပူပင်လယ်ရေကြောင်းသွားလာရေး
အာဏာ

ပိုင်အဖွဲ့ (MPA) က ခရီးသည်များနှင့်ပါတ်သက်သည့်အထောက်အထားအခိုင်အမာမပြနိုင်ခြင်းကြောင့်ကမ်း

ကပ်ခွင့် ငြင်းဆို ထားခဲ့ခြင်း ဖြစ်သည်။

နယူးဒေလီ (မဇ္ဈိမ)

0 comments:

Post a Comment

 
world time