ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့
နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ
လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင်
တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်းထဲ
သို့
ထိုးကျခဲ့ကြောင်းသိရသည်။ယင်းဖြစ်ရပ်ကြောင်းတစ်ဦးသေဆုံးက၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
"ဒဏ်ရာရတဲ့ ၁၄ဦးကို ပုသိမ်ဆေးရုံခေါ်လာတယ်။ တစ်ယောက်ကတော့ ကားအောက်မှာ
ပိနေတာ ပြန်မ
ဖေါ်ရသေးဘူး။ သေနေပါပြီ။ ကားက ပုသိမ်ကနေ မွန်းလွဲ ၂
နာရီကထွက်သွားတာ။ ခရီးသည်တင်ကားဆို
ပေမယ့် ဆန်အိတ်တွေလဲတင်ထားတယ်။ ခရီးသည်
၄၀ ပါသွားတယ်။ ပွန်းပဲ့ ဒဏ်ရာရသူတွေလဲရှိတယ်။
ဒဏ်ရာရတဲ့သူတွေကို
ကျွန်တော်တို့အသင်းက ကားနဲ့ သွားတင်ပြီး ပုသိမ်ဆေးရုံကို ပို့ထားတယ်"ဟု
ပုသိမ်
မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှု အသင်းနှင့် ကရုဏာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် ဦးဖိုးဇော်
မြင့်ကပြောသည်။
0 comments:
Post a Comment