Pages

Sunday, December 30, 2012

ခန္တီးမြို့နယ် မကျန်းခ- ပဒူးမုန်းသွား ကားလမ်းပေါ်၌ မော်တော်ဆိုင် ကယ်တစ်စီးမှ ၁ဝ ဘီးကားအား ကျော်တက်စဉ် ကားနှင့်ချိတ်မိ၍ တစ်ဦး သေဆုံး

ခန္တီးမြို့နယ် မကျန်းခ- ပဒူးမုန်းသွား ကားလမ်းပေါ်၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဟန်ဝမ်း ၁၈ နှစ် (ဘ)ဦးဟာမို မကျန်းခကျေးရွာ ခန္တီးမြို့နယ် စီးနင်းပြီး တစ်ရွာတည်းနေ အောင်နောင် ၂၈ နှစ် (ဘ)ဦးနောင်ထန်း နောက်မှ လိုက်ပါသည့် နံပါတ်မပါ မော်တော်ဆိုင် ကယ်သည် ယာဉ်မောင်း ရဲအောင် ၂၇ နှစ်(ဘ)ဦးသန်းအောင် (မကျန်းခ) ရွှေမှော် မောင်းနှင်သည့် ၆ခ/----- ၁ဝဘီးယာဉ်အား နောက်မှ ကျော်တက်စဉ် ကားနှင့် ချိတ်မိ၍ လဲကျ တိမ်းမှောက် ခဲ့ရာ ဟန်ဝမ်းမှာ နေရာတွင် သေဆုံး ခဲ့ပြီး အောင်နောင်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ခန္တီးမြို့ ရဲစခန်းမှ ယာဉ်မောင်း ရဲအောင်အား (ပ)အမှတ် ၉၂/၂ဝ၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိ သည်။


 မြ၀တီ 

0 comments:

Post a Comment

 
world time