Pages

Sunday, December 16, 2012

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအား ရောဂါအခြေအနေ ဆိုးဝါးနေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များ ပြစ်တင်ဝေဖန်

Photo: ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအား ရောဂါအခြေအနေ ဆိုးဝါးနေသော ဦးတိက္ခဥာဏ၏ သားအငယ်နှင့် သံဃာတော်များ
ပြစ်တင်ဝေဖန်

ရန်ကုန်၊ ဒီဇင်ဘာလ ၁၄။

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် မီးလောင် ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးဝါးခြင်းမရှိဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှ
ရေးသားလိုက်ခြင်းအပေါ် ဦးတိက္ခဥာဏ၏ သားအငယ် ဆရာဝန်တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော်များက
ပြစ်တင်ဝေဖန်လိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဦးတိက္ခဥာဏ၏
ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ယနေ့
မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက်အခဲရှိသည့်အတွက် နိုင်ငံတော်က
ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင်
ပေးပို့ထားကြောင်းသိရသည် ဟု ဖော်ပြထားသည်။

“သတင်းစာက ဒီလိုရေးတာတော့ မဖြစ်သင့်ဘူးဗျ၊
ဆေးရုံလက်မှတ်က ကိုယ့်ဆန္ဒအလျောက်ဆင်းတယ်ဆိုပေမယ့်၊
သေချာသလောက်တော့ အသက်အန္တရာယ်ရှိတယ်၊
အမှန်အတိုင်းရေးသင့်တယ်” ဟု ကိုနေသုခ ကမြန်မာ့ခေတ်သို့
ပြောကြားသည်။

ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေနှင့်ပက်သက်၍ ၄င်းက “ ၄၅ ရာခိုင်နှုန်း ခန္ဓာကိုယ်မီးလောင်တာ၊ မြန်မာနိုင်ငံမှာ များသောအားဖြင့် ဒီအခြေအနေဆို ထားလို့မရဘူး။ ၊သေတာပဲဗျ၊ ခန္ဓာကိုယ်မှာက အရည်ပြားမရှိတော့ဘူး၊ ရောဂါတွေဝင်မယ်။ ပြီးတော့ ဒီကဆေးရုံဆေးခန်းတွေက ရောဂါဒဏ်ရာကို မထိမ်းချုပ်နိုင်ဘူး၊ မီးလောင်ဒဏ်ရာတင်မကဘူး၊ အသားတွေပါ စားထားတော့ ဟို
မှာပြန်ပြီး အသားအစားထိုး ကုသရတာတွေလုပ်ရမယ်”ဟု
ပြောကြားခဲ့သည်။

ဦးတိက္ခဥာဏသည် မုံရွာမြို့၊ မင်းတိုင်ပင်မြို့နယ်၊ သန္တီရွာ တောရကျောင်းတိုက်မှ သက်တော်(၆၄) ရှိပြီဖြစ်သော သံဃာတော်ကြီးဖြစ်ပြီးလက်ပံတောင်းတောင် သပိတ်စခန်းတွင် ပါဝင်လှုပ်ရှားခဲ့သော သံဃာတော်တစ်ဦးဖြစ်သည်။

“အခုလက်ရှိတော့မန္တလေးပြည်သူ့ဆေးရုံကြီးမှာပဲလားတော့မသိဘူး၊ဒါပေမယ့် အရင်ကတော့ အဲဒီမှာပဲ၊ခြေထောက်ထိထားတဲ့ ကိုယ်ရင်တစ်ပါးဆိုရင် ခြေထောက်ဖြတ်ရမယ့် အခြေအနေဘဲ၊အားလုံးက တဖြည်းဖြည်း အခြေ
အနေမကောင်းဘူး၊ မျက်နှာထိထားတဲ့ ဦးဇင်းဆိုရင် နားတွေမှာ တဖြည်းဖြည်း အရိုးနုပါပေါ်နေပြီ” ဟု ကိုနေသုခက ၄င်းကြုံတွေ့ခဲ့ရသော သံဃာတော်များ၏ အခြေအနေကို ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ကြည့်ရှုစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် သံဃာတော် ဦးသု(ခ)ဦးဝိမလက “အစိုးရက ဒီလိုဘဲလိမ်နေကြတာဆိုတော့ ဦးဇင်းတို့အနေနဲ့ မထူးဆန်းတော့ပါဘူး၊ သံဃာတွေ ဆေးရုံမှာကြာနေလို့
ကျောတွေအရိုး ဆွေးပြီး မှောက်နေရတယ်၊ အခုလို သတင်းစာကဖော်ပြလိုက်တာဟာ တရားဝင်ကြီးလိမ်လိုက်တာ နောက်တစ်ချက် ငွေကြေး
ပြဿနာဆိုရင် ဦးဇင်းတို့မှာ ကူညီမဲ့သူတွေရှိတယ်၊
အလုံအလောက်ရှိတယ်၊ပြီးတော့ အစိုးရကလည်း ဘက်တစ်သန်း လှူရတယ်ဆိုပြီး မျက်နှာကောင်းရအောင် လုပ်တယ်၊
ဒါတွေအားလုံး တရားဝင်လိမ်နေတာပဲ” ဟု ပြောကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာတော် ၇၂ ပါး ရှိကြောင်းသိရပြီး မန္တလေးမြို့ရှိ
ဆေးရုံအသီးသီးတွင် တက်ရောက်ကုသမှု ခံယူနေသော သံဃာတော် အများစုမှာ ရောဂါအခြေအနေ ဆိုးရွားလျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။

စူးရှ

လက်ပံတောင်းတောင် အကြမ်းဖက်မှုတွင် မီးလောင် ဒဏ်ရာရရှိခဲ့သည့် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးဝါးခြင်းမရှိဟုယနေ့ထုတ်မြန်မာ့အလင်း သတင်းစာမှရေးသားလိုက်ခြင်းအပေါ် ဦးတိက္ခဥာဏ၏ သားအငယ် ဆရာဝန်တစ်ဦးဖြစ်သူ ကိုနေသုခနှင့် သံဃာတော်များကပြစ်တင်ဝေဖန်လိုက်သည်။
မြန်မာ့အလင်းသတင်းစာတွင် ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေမှာ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်
ငံ ဗန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွား
ခဲ့သော်လည်း ၄င်းတွင် ငွေကြေး အခက်အခဲရှိသည့်အတွက် နိုင်ငံတော်က ဗန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေ
တစ်သန်း ကြိုတင် ပေးပို့ထားကြောင်းသိရသည် ဟု ဖော်ပြထားသည်။

“သတင်းစာက ဒီလိုရေးတာတော့ မဖြစ်သင့်ဘူးဗျ၊ ဆေးရုံလက်မှတ်က ကိုယ့်ဆန္ဒအလျောက်ဆင်းတယ်ဆိုပေ
မယ့်၊ သေချာသလောက်တော့အသက်အန္တရာယ်ရှိတယ်၊အမှန်အတိုင်းရေးသင့်တယ်ဟုကိုနေသုခကမြန်မာ့ခေတ်
သို့ ပြောကြားသည်။

ဦးတိက္ခဥာဏ၏ ရောဂါအခြေအနေနှင့်ပက်သက်၍ ၄င်းက “ ၄၅ ရာခိုင်နှုန်း ခန္ဓာကိုယ်မီးလောင်တာ၊ မြန်မာနိုင်ငံ
မှာ များသောအားဖြင့် ဒီအခြေအနေဆို ထားလို့မရဘူး။ ၊သေတာပဲဗျ၊ ခန္ဓာကိုယ်မှာက အရည်ပြားမရှိတော့ဘူး၊
 ရောဂါတွေဝင်မယ်။ ပြီးတော့ ဒီကဆေးရုံဆေးခန်းတွေက ရောဂါဒဏ်ရာကို မထိမ်းချုပ်နိုင်ဘူး၊ မီးလောင်ဒဏ်
ရာတင်မကဘူး၊ အသားတွေပါ စားထားတော့ ဟို မှာပြန်ပြီး အသားအစားထိုး ကုသရတာတွေလုပ်ရမယ်”ဟု
ပြောကြားခဲ့သည်။

ဦးတိက္ခဥာဏသည် မုံရွာမြို့၊ မင်းတိုင်ပင်မြို့နယ်၊ သန္တီရွာ တောရကျောင်းတိုက်မှ သက်တော်(၆၄) ရှိပြီဖြစ်သော သံဃာတော်ကြီးဖြစ်ပြီးလက်ပံတောင်းတောင် သပိတ်စခန်းတွင် ပါဝင်လှုပ်ရှားခဲ့သော သံဃာတော်တစ်ဦးဖြစ်
သည်။

အခုလက်ရှိတော့မန္တလေးပြည်သူ့ဆေးရုံကြီးမှာပဲလားတော့မသိဘူး၊ဒါပေမယ့်အရင်ကတော့အဲဒီမှာပဲ၊ခြေထောက်
ထိထားတဲ့ ကိုယ်ရင်တစ်ပါးဆိုရင် ခြေထောက်ဖြတ်ရမယ့် အခြေအနေဘဲ၊အားလုံးက တဖြည်းဖြည်းအခြေ အနေ
မကောင်းဘူး၊ မျက်နှာထိထားတဲ့ ဦးဇင်းဆိုရင် နားတွေမှာ တဖြည်းဖြည်း အရိုးနုပါပေါ်နေပြီ” ဟု ကိုနေသုခက ၄င်း
ကြုံတွေ့ခဲ့ရသော သံဃာတော်များ၏ အခြေအနေကို ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ကြည့်ရှုစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင် သံဃာတော် ဦးသု(ခ)ဦးဝိမလက “အစိုးရက ဒီလိုဘဲလိမ်နေကြတာဆိုတော့ ဦးဇင်းတို့အနေနဲ့ မထူး
ဆန်းတော့ပါဘူး၊ သံဃာတွေ ဆေးရုံမှာကြာနေလို့ ကျောတွေအရိုး ဆွေးပြီး မှောက်နေရတယ်၊ အခုလို သတင်း
စာကဖော်ပြလိုက်တာဟာ တရားဝင်ကြီးလိမ်လိုက်တာ နောက်တစ်ချက် ငွေကြေး ပြဿနာဆိုရင် ဦးဇင်းတို့မှာ 
ကူညီမဲ့သူတွေရှိတယ်၊ အလုံအလောက်ရှိတယ်၊ပြီးတော့ အစိုးရကလည်း ဘက်တစ်သန်းလှူရတယ်ဆိုပြီးမျက်နှာ
ကောင်းရအောင် လုပ်တယ်၊ ဒါတွေအားလုံး တရားဝင်လိမ်နေတာပဲ” ဟု ပြောကြားသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာတော် ၇၂ ပါး ရှိကြောင်းသိရပြီး မန္တလေး
မြို့ရှိ ဆေးရုံအသီးသီးတွင် တက်ရောက်ကုသမှု ခံယူနေသော သံဃာတော် အများစုမှာ ရောဂါအခြေအနေ ဆိုးရွား
လျက်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။

စူးရှ
 
မြန်မာ့ခေတ်

0 comments:

Post a Comment