Pages

Sunday, December 9, 2012

ကချင်ပြည်နယ် ပန်ဝါဒေသ တိုက်ပွဲပြင်းထန်နေ

ပန်ဝါဒေသ တိုက်ပွဲပြင်းထန်

December 9, 2012 by MKA blog news 

ခလရ(၇၄) (၇၇) (၁၃) (၂၆၀)၊ ခမရ(၃၀၁) ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ(၈)ရက်နေ့ မနက်(၇)နာရီခွဲ မှ (၉)နာရီခွဲအထိ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)တ၀ိုက်ရှိ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ KIA တပ်ဖွဲ့က ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်သဖြင့် မြန်မာအစိုးရစစ်ကြောင်းက အထိအခိုက် အကျအရှုံးများစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၇)ဦး၏ အလောင်းကို ချန်ရစ်ထားခဲ့ကြောင်း သိရှိရသည်။

ယင်းပူးပေါင်းစစ်ကြောင်းသည် မွန်းလွဲ(၁)နာရီအချိန်တွင် ဒုတိယအကြိမ် ပြန်လည်တိုက်စစ်ဆင်လာခဲ့သော် လည်း KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်သဖြင့် အစိုးရစစ်ကြောင်း၏စီမံချက် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ပန်ဝါဒေသတွင်း စစ်ဆင်ရေးတာဝန်ကို နိုဝင်ဘာလကုန်အထိ တပ်မ(၈၈)မှ ဗျူဟာမှူးအဆင့်က တာဝန်ယူခဲ့ သော်လည်း ဒီဇင်ဘာလ(၄)ရက်နေ့မှစတင်ကာ တပ်မ(၈၈)တပ်မမှူးက ပန်ဝါမြို့သို့ ရောက်ရှိကာ စစ်ဆင်ရေး ကို ကိုယ်တိုင်တာဝန်ယူ ညွှန်ကြားခဲ့သည်။ စစ်ဆင်ရေးစီမံချက် အကျိုးအမြတ်မရရှိဘဲ အထိအခိုက်အကျအရှုံး များနှင့် ရင်ဆိုင်နေရသဖြင့် ဒီဇင်ဘာလ(၈)ရက် မွန်းလွဲပိုင်းမှစတင်ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် က ပန်ဝါဒေသ စစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲညွှန်ကြား တာဝန်ယူခဲ့ကြောင်း သိရှိရသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် သည် ၂၀၁၁ နှစ်ကုန်အထိ တပ်မ(၈၈) တပ်မမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခုအချိန်တွင် ပန်ဝါဒေသတွင် မြန်မာအစိုးရ တပ်အင်အား(၇၀၀)ခန့်ရှိကြောင်း သိရှိရသည်။၎င်းတို့ မှာ-

ခလရ(၇၇)     -        တပ်မ(၈၈)လက်အောက်ခံ၊ ရေနံချောင်းအခြေစိုက်

ခလရ(၁၃)     -        တပ်မ(၈၈)လက်အောက်ခံ၊ ချောက်မြို့အခြေစိုက်

ခမရ(၃၀၁)     -        တပ်မ(၈၈)လက်အောက်ခံ၊ မကွေးမြို့အခြေစိုက်

ခလရ(၇၄)     -        မပခ လက်အောက်ခံ၊ မိုးကောင်းမြို့အခြေစိုက်

ခလရ(၂၆၀)   -        မပခ လက်အောက်ခံ၊ မရမ်းအခြေစိုက်

ခလရ(၇၄) (၇၇) (၁၃) (၂၆၀)၊ ခမရ(၃၀၁) ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ(၈)ရက်နေ့ မနက်(၇)နာရီခွဲ မှ (၉)နာရီခွဲအထိ ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)တ၀ိုက်ရှိ KIA တပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ KIA တပ်ဖွဲ့က ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်သဖြင့် မြန်မာအစိုးရစစ်ကြောင်းက အထိအခိုက် အကျအရှုံးများစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။ မြန်မာအစိုးရတပ်ဖွဲ့ဝင်(၇)ဦး၏ အလောင်းကို ချန်ရစ်ထားခဲ့ကြောင်း သိရှိရသည်။
ယင်းပူးပေါင်းစစ်ကြောင်းသည် မွန်းလွဲ(၁)နာရီအချိန်တွင် ဒုတိယအကြိမ် ပြန်လည်တိုက်စစ်ဆင်လာခဲ့သော် လည်း KIA တပ်ဖွဲ့မှ ခုခံတိုက်ခိုက်သဖြင့် အစိုးရစစ်ကြောင်း၏စီမံချက် မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပန်ဝါဒေသတွင်း စစ်ဆင်ရေးတာဝန်ကို နိုဝင်ဘာလကုန်အထိ တပ်မ(၈၈)မှ ဗျူဟာမှူးအဆင့်က တာဝန်ယူခဲ့ သော်လည်း ဒီဇင်
ဘာလ(၄)ရက်နေ့မှစတင်ကာ တပ်မ(၈၈)တပ်မမှူးက ပန်ဝါမြို့သို့ ရောက်ရှိကာ စစ်ဆင်ရေး ကို ကိုယ်တိုင်တာဝန်ယူ ညွှန်ကြားခဲ့
သည်။ စစ်ဆင်ရေးစီမံချက် အကျိုးအမြတ်မရရှိဘဲ အထိအခိုက်အကျအရှုံး များနှင့် ရင်ဆိုင်နေရသဖြင့် ဒီဇင်ဘာလ(၈)ရက် မွန်းလွဲ
ပိုင်းမှစတင်ကာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် က ပန်ဝါဒေသ စစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲညွှန်
ကြား တာဝန်ယူခဲ့ကြောင်း သိရှိရသည်။
 
 မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင် သည် ၂၀၁၁ နှစ်ကုန်အထိ တပ်မ(၈၈) တပ်မမှူးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခုအချိန်တွင် ပန်ဝါဒေသတွင် မြန်မာအစိုးရ တပ်အင်အား(၇၀၀)ခန့်ရှိကြောင်း သိရှိရသည်။၎င်း
တို့ မှာ-
ခလရ(၇၇) - တပ်မ(၈၈)လက်အောက်ခံ၊ ရေနံချောင်းအခြေစိုက်

ခလရ(၁၃) - တပ်မ(၈၈)လက်အောက်ခံ၊ ချောက်မြို့အခြေစိုက်

ခမရ(၃၀၁) - တပ်မ(၈၈)လက်အောက်ခံ၊ မကွေးမြို့အခြေစိုက်

ခလရ(၇၄) - မပခ လက်အောက်ခံ၊ မိုးကောင်းမြို့အခြေစိုက်

ခလရ(၂၆၀) - မပခ လက်အောက်ခံ၊ မရမ်းအခြေစိုက်

0 comments:

Post a Comment