Pages

Sunday, December 9, 2012

အစိမ်းရောင်တောက် ကြယ်စုသစ်တစ်စု ချီလီမှ နက္ခတ္တဗေဒ ပညာရှင်များ တွေ့ရှိ

အစိမ်းရောင်တောက် ကြယ်စုသစ်တစ်စု ချီလီမှ နက္ခတ္တဗေဒ ပညာရှင်များ တွေ့ရှိ

အစိမ်းရောင် တောက်ပသည့် အရောင်အဆင်းရှိ အာကာသဟင်းလင်းပြင် ကြယ်စုသစ် တစ်ခုကို ချီလီနိုင်ငံရှိ ဥရောပ အာကာသအေဂျင်စီ (ESA)မှ သုတေသန ပညာရှင်များက ရှာဖွေ တွေ့ ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အဆိုပါ ကြယ်စုသစ်ကို J224024. 1-092748 ဟု အမည်ပေးထားပြီး ၎င်းကြယ်စုသစ်သည် ကမ္ဘာမှ အလင်း နှစ် ၃ ဒသမ ၇ ဘီလီယံအကွာတွင် တည်ရှိကြောင်း၊ ထိုကြယ်စုသစ်သည် ကုမ်ရာသီ နက္ခတ်ဂြိုဟ်ခွင် ကြယ်အစု အဝေးငယ် တစ်ခုဖြစ်ကြောင်း သုတေသန ပညာရှင်များက ဒီဇင်ဘာ ၆ ရက် တွင် ပြောကြားခဲ့သည်။ 

၎င်းကြယ်စုသစ်သည် နက္ခတ်တာရာခွင်တွင် တွေ့ရခဲသော ကြယ်အစုအဝေး ပုံစံသစ် တစ်မျိုးဖြစ်ပြီး ၎င်းတို့၏ တွင်းနက်ကြီးများမှ ထုတ်လွှတ်လိုက်သော သိပ်သည်းဆများသည့် အလင်းရောင်များနှင့် ၎င်းတို့၏ ထူးကဲသော ပုံသဏ္ဌာန်များကြောင့် ၎င်းကြယ်အစုအဝေးကို ''Green Bean Galaxies'' ဟု အမည် ပေးခဲ့ကြောင်း ပညာရှင်များက ပြော ကြားခဲ့သည်။ 

ထိုကြယ်စုသစ် အစုအဝေးကို အခြားကြယ် အစုအဝေးများနှင့် နှိုင်းယှဉ်ပါက ၎င်းကြယ် အစုအဝေးတွင် သိပ်သည်းဆ များသော ရောင်ခြည်များ ဖြာထွက်နိုင်သည့် အလွန့်အလွန် ကြီးမားသော တွင်းနက်ကြီးများ ပါရှိကြောင်း နက္ခတ္တဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ ကြယ်အစု အဝေးများသည် ယိုယွင်း ပျက်စီးနိုင်ပြီး ကြယ်စုတစ်စု၏ သက်တမ်းသည် တစ်ခဏတာသာ ရှိကြောင်း ၎င်းတို့၏ လေ့လာချက်များအရ သိရသည်။

အေးချမ်းမွန်မှ မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  မြ၀တီ
အစိမ်းရောင် တောက်ပသည့် အရောင်အဆင်းရှိ အာကာသဟင်းလင်းပြင် ကြယ်စုသစ် တစ်ခုကို ချီလီနိုင်ငံရှိ ဥရောပ အာကာ
သအေဂျင်စီ (ESA)မှ သုတေသန ပညာရှင်များက ရှာဖွေ တွေ့ ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ အဆိုပါ ကြယ်စုသစ်ကို J224024. 1-092748 ဟု အမည်ပေးထားပြီး ၎င်းကြယ်စုသစ်သည် ကမ္ဘာမှ အလင်း နှစ် ၃ ဒသမ ၇ ဘီလီ
ယံအကွာတွင် တည်ရှိကြောင်း၊ ထိုကြယ်စုသစ်သည် ကုမ်ရာသီ နက္ခတ်ဂြိုဟ်ခွင် ကြယ်အစု အဝေးငယ် တစ်ခုဖြစ်ကြောင်း သုတေ
သန ပညာရှင်များက ဒီဇင်ဘာ ၆ ရက် တွင် ပြောကြားခဲ့သည်။

၎င်းကြယ်စုသစ်သည် နက္ခတ်တာရာခွင်တွင် တွေ့ရခဲသော ကြယ်အစုအဝေး ပုံစံသစ် တစ်မျိုးဖြစ်ပြီး ၎င်းတို့၏ တွင်းနက်ကြီးများမှ ထုတ်လွှတ်လိုက်သော သိပ်သည်းဆများသည့် အလင်းရောင်များနှင့် ၎င်းတို့၏ ထူးကဲသော ပုံသဏ္ဌာန်များကြောင့် ၎င်းကြယ်အစု
အဝေးကို ''Green Bean Galaxies'' ဟု အမည် ပေးခဲ့ကြောင်း ပညာရှင်များက ပြော ကြားခဲ့သည်။
ထိုကြယ်စုသစ် အစုအဝေးကို အခြားကြယ် အစုအဝေးများနှင့် နှိုင်းယှဉ်ပါက ၎င်းကြယ် အစုအဝေးတွင် သိပ်သည်းဆ များသော
 ရောင်ခြည်များ ဖြာထွက်နိုင်သည့် အလွန့်အလွန် ကြီးမားသော တွင်းနက်ကြီးများ ပါရှိကြောင်း နက္ခတ္တဗေဒ ပညာရှင်များက ပြော
ကားခဲ့သည်။ ကြယ်အစု အဝေးများသည် ယိုယွင်း ပျက်စီးနိုင်ပြီး ကြယ်စုတစ်စု၏ သက်တမ်းသည် တစ်ခဏတာသာ ရှိကြောင်း ၎င်းတို့၏ လေ့လာချက်များအရ သိရသည်။
 မြ၀တီ 

0 comments:

Post a Comment