Pages

Friday, November 23, 2012

လယ်သမားတွေ ရန်ကုန်မြို့ထဲမှာ စီတန်းလှည့်လည် ဆန္ဒပြကြ




ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊အနော်ရထာစက်မှုဇုန်စီမံကိန်း အတွက်သိမ်းဆည်းထားတဲ့ လယ်ယြာေ
တွ ပြန်လည် ရရှိဖို့ကို လှိုင်သာယာမြို့နယ်အတွင်းပဒံ၊ အပြင်ပဒံ စတဲ့ ကျေးရွာတွေက လယ်သမား (၃ဝ) နီး
ပါးလောက်ဟာ ဒီကနေ့ မနက်ပိုင်းကလသာမြို့နယ်ကဝါဝါဝင်းကုမ္ပဏီရုံးရှေ့ကနေဗိုလ်ချုပ်လမ်းမကြီးအတိုင်း
 မြို့၊ ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ကို လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
အာဏာပိုင်တွေဖက်က ဖြေရှင်းမှုမလုပ်ပေးမခြင်း ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ ဆန္ဒပြလယ်သမားတစ်ဦးက RFA ကို အခုလို ပြောပါတယ်။


"ညှိနှိုင်းလို့ အဆင်မပြေသေးတဲ့ လယ်တွေကို အဓမ္မခြံစည်းရိုးတွေခတ်နေတယ်၊ ခြံစည်ရိုးခတ်တာ
ကို ရပ်ပေးရမယ်၊ စုံစမ်းစီစစ်ရေး စောင့်မယ်ဆိုရင်လည်းစုံစမ်းစီစစ်ရေး ကော်မရှင်ရဲ့ အဆုံးအဖြတ်
ကို နှစ်ဖက်စလုံးနာခံမယ်။

စုံစမ်းစီစစ်ရေးမဆင်းခင်မှာ လယ်မြေတွေပေါ် အဓမ္မခြံခတ်တာ သဲဖုံးတာ အဆောက်အဦးဆောက်
တာတွေ ဘက်ဟိုး တွေနဲ့လယ်မြေတွေပေါ်မှာ မြောင်းတွေကုတ်တာတွေကို လုံဝရပ်တန့်ပေးမယ်
ဆိုရင် လမ်းလျှောက်တာကိုရပ်မယ်"

လှိုင်သာယာမြို့နယ်မှာရှိတဲ့ အနော်ရထာ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်ဖို့ ၁၉၉၈ ခုနစ်ကတည်း
က လယ်ယာမြေ ဧက ၈ဝဝ ကို ဝါဝါဝင်းကုမ္ပဏီက သိမ်းယူထားတယ်လို့ သိရပြီး လယ်သမားတွေဟာ လယ်
ယာမြေတွေမှာ လုပ်ကိုင်ခွင့်ပြန်လည်ရရှိဖို့အတွက် နိုဝင်ဘာလ (၁) နေ့ကစပြီး နေ့ရောညပါ ဝါဝါဝင်းကုမ္ပဏီ
ရှ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေတာ ဒီကနေ့ဆိုရင် ၃ ပတ်ကျော်ရှိသွားပြီလို့ သိရပါတယ်။

RFA (မြန်မာပိုင်း)

0 comments:

Post a Comment