Pages

Friday, November 23, 2012

နေပြည်တော် ချီတက်နေတဲ့ ရွေလုပ်သားတွေကို ရဲကရိုက်နှက်ဖမ်းဆီး

http://www.myitmakhamediagroup.com/administratorpanel/image/8-11-12-10.JPG
မိုးထိမိုးမိ ရွေလုပ်သားများ နေပြည်တော်ဆီ ချီတက်လမ်းလျှောက်နေတာ ကို အာဏာပိုင်တွေက တားဆီး ရိုက်နှက်ပြီး ရွေလုပ်သား ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးသွားကြောင်းရွေလုပ်သားတွေနဲ့ ကျနော်တို့ ရဲ့ ဒီဗွီဘီ သတင်းထောက်က ပြောကြပါတယ်။ နိုဝင်္ဘာလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ မြို လှကနေ ထွက်လာတဲ့ ရွေလုပ်သားတွေကို နာရီ
ဝက်ခရီးအကွာ ရေနီ စက္ကူစက်နားမှာ ရဲတွေ ၀င်ရောက်ရိုက်နှက်ခဲ့တယ်လို့ ရွေလုပ်သား ကိုလှိုင်မျိုးအောင်
က ပြောပါတယ်။

ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်၊ ကိုစောနောင်နဲ့ ကိုရဲဝင်းတို့ ၅ ဦးကို ဖမ်းဆီးပြီး ရေနီ ရဲစခန်း
မှာ ချုပ်နှောင်ထားတယ်လို့ ကိုယ်တိုင်မြင်တွေ့ ခဲ့ရသူ ဒီဗွီဘီ သတင်းထောက်ကလဲ ပြောပါတယ်။

ရွေလုပ်သားတွေဟာ နိုဝင်္ဘာ ၈ ရက်နေ့ က ရန်ကုန်ကနေ စတင်ထွက်ခွာလာပြီး နေပြည်တော်အရောက် ချီတက်ပြီး သူတို့ ရဲ့ နစ်နာချက်တွေကို တောင်းဆိုတင်ပြသွားကြမှာပါ။ ။

DVB TV News

0 comments:

Post a Comment