အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို
မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး
ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့်
အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်သတင်းများ မှာ
ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။
''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့
သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက
စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ
အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။
အဆိုတော်(ဦး)ခင်မောင်တိုးသည် စင်ကာပူနိုင်ငံ၌ အသည်းရောဂါဖြင့်
ဆေးဝါးကုသနေသည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့(၉.၁၁.၂၀၁၂)ည ၁၀နာရီ ၂၀ ၀န်းကျင် တွင် အဆိုတော် သျှီ မျှဝေသော အဆိုတော် ဦးခင်မောင်တိုး ၏ ကျန်းမာရေးအခြေအနေ ဖြစ်ပါသည်။
"ဦးတိုးကြီး ... သတိပြန်ရလာပါပြီ ...
မိသားစုနဲ့ စကားအနည်းငယ်ပြန်ပြောနိုင်လာပြီ လို့ သိရပါတယ် ...
ပရိသတ်တွေမေတ္တာကြောင့်လည်းပါမှာ ပါ ...
ဆက်ပြီး ဆုတောင်းမေတ္တာပို့သကြပါဦးနော် ..."

ပရိသတ်တွေမေတ္တာကြောင့်လည်းပါမှာ
ဆက်ပြီး ဆုတောင်းမေတ္တာပို့သကြပါဦးနော် ..."
0 comments:
Post a Comment