သတင်း နှင့် ဓာတ်ပုံ အဲမလီ ~ |
ရွှေပြည်သာမြို့နယ် မဲခေါင်လမ်းက ဦးစိန်လှိုင် ပိုင်ဆိုင်ထားတဲ့ မြေကွက်ထဲကို ဘုန်းကြီးကျောင်းတကျောင်းက ကျူးကျော် ဆောက်လုပ်လာတယ်၊ ဒါကို ဖယ်ရှားပေးဖို့ မအေးအေးမာကို အကူအညီ တောင်းခံခဲ့တာလို့ မြေရှင်က ပြောပြပါတယ်။
အဲဒီနောက်ပိုင်း မအေးအေးမာက ပိုင်ဆိုင်မှု ပြေစာတွေကို ပြန်မပေးတော့ဘဲ မြေတကွက်ကို ၆ သိန်း ၊ ၁၂ သိန်း ၊ ၂၈ သိန်း နဲ့ ရောင်းလိုက်တယ်လို့ ဦးစိန်လှိုင်က ပြောပြပါတယ်။
အခြေအနေကတော့ တော်တော်လေး ရှုပ်ထွေးနေပါတယ်။
ဝိပလာရုံကျောင်းတိုက်က ဦးဇင်းတပါးကတော့ မအေးအေးမာဆီကနေ ၅၅ သိန်း နဲ့ ကျောင်းဆောက်ဖို့ ၀ယ်ခဲ့ရတယ်လို့ မိန့်ဆိုပါတယ်။
မအေးအေးမာဟာ ၈၈ ကျောင်းသားလူငယ်များပါတီဖြစ်ပြီး ရွှေပြည်သာမြို့နယ် တာဝန်ခံတဦးလို့ သိရပါတယ်။
ပါတီဥက္ကဋ္ဌဖြစ်တဲ့ ဦးရဲထွန်းကတော့ ဒီကိစ္စကို စုံစမ်းနေတုန်းပဲ လို့ပြောပါတယ်။ ပါတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင်တော့ ဒီသတင်းကိုရေးသားသူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောဆိုပါတယ်။
ရွှေပြည်သာမြို့နယ်ရဲစခန်း ဒုရဲအုပ် အထွန်းကတော့ မအေးအေးမာကို ပုဒ်မ ၄၂၀ နဲ့ အရေးယူထားတယ်၊ ဒီအမှုမှာ ပါဝင်တဲ့ သက်သေတွေကို စစ်ဆေးပြီးပြီဖြစ်တယ်၊ မအေးအေးမာကိုပဲ စစ်ဆေးဖို့ ကျန်တော့တယ်လို့ ဖြေကြားခဲ့ပါတယ်။
ဧရာဝတီသတငိး
0 comments:
Post a Comment