Pages

Wednesday, November 28, 2012

ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ


Photo: ကပ္ပလီပင်လယ်ပြင်မှ တိမ်တိုက်များကြောင့် ရန်ကုန်တွင် မိုးရွာ

ရန်ကုန်၊ နိုဝင်ဘာ-၂၇

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်များကြောင့်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

"ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ တိမ်တိုက်တွေကို စောင့်ကြည့်ရမယ်။ အခုမိုးရွာနေတာ နောက်ရက်တွေမှာ ရပ်သွားမယ်ဆိုရင် ပိုအားကောင်းလာနိုင်တယ်။ မုန်တိုင်းအဖြစ် ပြောင်း၊ မပြောင်းကို ဆက်လက်စောင့်ကြည့်ရမယ်"ဟု ဦးချစ်ကျော်ကဆိုသည်

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများ ဆက်လက်အားကောင်းနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူလယ်သမားများ၊ ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်သော ရေလုပ်သားများအတွက် အထူးသတိထား လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ ယခုနှစ်ဆောင်း၌ ပုံမှန်မဟုတ်သော မိုးရွာသွန်းနိုင်ပြီး လာမည့်ဒီဇင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌ အနည်းဆုံးမုန်တိုင်းတစ်လုံး ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ရန်ကုန်မြို့တွင် ယနေ့ရွာသွန်းနေသော မိုးမှာ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်များကြောင့်
ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
"ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်နေတဲ့ တိမ်တိုက်တွေကို စောင့်ကြည့်ရမယ်။ အခုမိုးရွာနေတာ နောက်ရက်တွေမှာ ရပ်သွားမယ်ဆိုရင် ပိုအားကောင်းလာနိုင်တယ်။ မုန်တိုင်းအဖြစ် ပြောင်း၊ မပြောင်းကို ဆက်လက်စောင့်ကြည့်ရ
မယ်"ဟု ဦးချစ်ကျော်ကဆိုသည်

ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိမ်တိုက်ကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ
ဝတီတိုင်းဒေသကြီးတို့တွင် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများ ဆက်လက်အားကောင်းနိုင်ပြီး စိုက်ပျိုးရေးလုပ်
ငန်း လုပ်ကိုင်သော တောင်သူလယ်သမားများ၊ ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ကိုင်သော ရေလုပ်သားများ
အတွက် အထူးသတိထား လုပ်ကိုင်ရမည်ဖြစ်ကြောင်း ၎င်းကသတိပေးပြောကြားသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ ယခုနှစ်ဆောင်း၌ ပုံမှန်မဟုတ်သော မိုးရွာ
သွန်းနိုင်ပြီး လာမည့်ဒီဇင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌ အနည်းဆုံးမုန်တိုင်းတစ်လုံး ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။
 

0 comments:

Post a Comment