ကထိနစီဝရဟု ဆိုအပ်သော ကထိန်သင်္ကန်း ကပ်လှူခြင်းများ
ဂေါတမမြတ် စွာဘုရား သက်တော်ထင်ရှားရှိစဉ် ကပင်ရှိခဲ့သော အစဉ်အလာ
တစ်ခုဖြစ်သည်။ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား
သီတင်းသုံးနေတော်မူစဉ် ပါဝေယျတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ သည်
ဝါကျွတ်ချိန်ကာလ၌ မြတ်စွာဘုရားထံ လာရောက် ဖူးမြော်ကြသည်။ မိုးရွာသွန်းဆဲ
ကာလဖြစ်သဖြင့် ဘဒ္ဒဝဂ္ဂီရဟန်းတို့ မိုးရွှဲရွှဲစိုလာကြသည့် အချင်းအရာကို
မြတ်စွာဘုရား မြင်တော်မူသည်ကို အကြောင်းပြု၍ သံဃာတော်များ သင်္ကန်း
လုံလောက်စေရန် ကထိန်သင်္ကန်းကို အလှူခံခွင့်ပြုခဲ့သည်။
ကထိန်ခင်းရန်ခွင့်ပြုသောရက် အပိုင်းအခြားသည်သီတင်းကျွတ် လပြည့် ကျော်တစ်ရက်နေ့မှတန်ဆောင်မု န်းလပြည့်နေ့အထိတစ်လသာဖြစ်သ ည်။
သင်္ကန်းလှူသော အကျိုးမှာ အဆင်းလှခြင်း၊ မြူအညစ်အကြေး ကင်းခြင်း၊
အရောင်အဝါရှိခြင်း၊ တန်ခိုး အာနုဘော်ရှိခြင်း၊ သိမ်မွေ့သောကိုယ်ရှိခြင်း၊
ဖြူသောအဝတ်ပုဆိုးရှိခြင်း၊ ရွှေသောအဝတ်ပုဆိုးရှိခြင်း၊ နီသောအဝတ်
ပုဆိုးရှိခြင်းဟူ၍ ရှစ်မျိုးပြထားကြောင်း တွေ့ရသည်။
ကထိန်ခင်းရန် ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုးဆိုထားသည့်အတိုင်း
ကထိန် ခင်းရန် မြတ်စွာဘုရား ခွင့်ပြုတော်မူ
ကထိန်ခင်းရန်ခွင့်ပြုသောရက်
ကထိန်ခင်းရန် ထုတ်မိန့်ပြန်၊ သုံးတန်သင်္ကန်းမျိုးဆိုထားသည
သော သင်္ကန်းသုံးမျိုးမှာ
သံဃာဋိဒုကုဋ် (နှစ်ထပ်သင်္ကန်းကြီး)၊ ဥတ္တရာသင်္ဂကိုယ်ရုံဧကသီ၊
အန္တာရဝါသက-ကိုယ်
ဝတ် သင်းပိုင်တို့ဖြစ်သည်။ ကထိန်ခင်းရန် ပဒေသာပင်သီးကြရာ၌
ခါးဝတ်သင်္ကန်း၊ အပေါ်ရုံသင်္ကန်း၊ နှစ်ထပ်
သင်္ကန်းကြီး၊ သပိတ်၊ သင်တုန်းဓား၊
အပ်၊ခါးပန်းကြိုးနှင့် ရေစစ်ဟူ၍ ပရိက္ခရာ ရှစ်ပါးတို့အပြင်
သံဃာတော်တို့အ
တွက် အခြားအသုံး အဆောင်တို့ကိုလည်း လှူဒါန်းကြသည်။
ကထိန်သင်္ကန်း လှူသောအခါ ပုဂ္ဂိုလ်ကိုမလှူရ၊ သံဃာကို ရည်ညွှန်းလှူရသည်။
ကထိန်သင်္ကန်းကို ကပ်လှူခံယူခွင့်ရှိသော ရဟန်းမှာ ဝါတွင်းသုံးလပတ်လုံးဝါမကျိုးမပျက်ဘဲပဝါရဏာပြု သော
ကထိန်သင်္ကန်းကို ကပ်လှူခံယူခွင့်ရှိသော ရဟန်းမှာ ဝါတွင်းသုံးလပတ်လုံးဝါမကျိုးမပျက်ဘဲပဝါရဏာပြု သော
ရဟန်းသည်သာ ခံယူခွင့်ရှိသည်။
ကထိန်ခင်းသူတို့သည် မိမိလှူဒါန်းသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား မိမိနှင့် ထပ်တူအကျိုးရစေရန် အမျှ
အတန်းပေးဝေခြင်း(ပတ္တိဒါ န)
ပြုကြပြန်သည်။ ဤကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှအတန်း ပေးဝေလိုက်ခြင်း
ဖြင့် မိမိကုသိုလ် လျော့နည်းမသွားဘဲ အခြားသူများပါ ကုသိုလ်အ
ကျိုးကို ရရှိနိုင်သည်။ ထို့အတူပင် သူတစ်ပါး
တို့ကုသိုလ် ကောင်းမှုပြုသည်ကို
ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ခြင်း(ပတ္တာနုမောဒန)သည်စိတ်စေတနာထက်
သန်လျှင် ထက်သန်သလောက် ဘဝများစွာ ကောင်းကျိုးပေးနိုင်သည်။
ဝမ်းမြောက် ဝမ်းသာဖြစ်၍ သာဓုခေါ်ခြင်းဖြင့် ကုသိုလ်ပြုသူနှင့် ထပ်တူမျှကောင်းကျိုးချမ်းသာ များရရှိနိုင်သည်။ မြန်
ဝမ်းမြောက် ဝမ်းသာဖြစ်၍ သာဓုခေါ်ခြင်းဖြင့် ကုသိုလ်ပြုသူနှင့် ထပ်တူမျှကောင်းကျိုးချမ်းသာ
မာတို့၏ (၁၂)လရာသီတွင် ဤတန်တောင်မုန်းလသည် မြန်မာ့ဓလေ့နှင့်မြန်မာ့လူ့ အဖွဲ့၏ အစဉ်အလာ၊ ယဉ်ကျေး
မှုဂုဏ်ကို မြှင့်တင်သောလဖြစ်ခြင်းကြော င့်ကုန်းဘောင်ခေတ်စာဆိုတော်ဖိုးသူတော်ဦးမင်းက 'လှူကထိန် သင်္ကန်း
နဲ့၊ မဂ်လမ်းတဲ့ဆုပန်ရွယ်၊ သည်ချိန်ကိုဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်၊ ကောင်းကင် လယ်၊ ထက်
ဝယ်ဘုံဦး၊ ရွှေလစန္ဒာနဲ့၊ ကြတ္တိကာကြယ်ရောင် ရွှန်းတယ်၊ ထွန်းထိန်လို့မြူး''ဟူ၍ဖွဲ့ ဆိုခဲ့သည်။
သို့ဖြစ်၍ မြန်မာပြည်သူအပေါင်းတို့သည်
လမြတ်တန်ဆောင်တွင် ကောင်းမှုကိုဆောင်၍ မကောင်းမှုကိုရှောင်
သို့ဖြစ်၍ မြန်မာပြည်သူအပေါင်းတို့သည်
ကာ ပြည်ရွာငြိမ်းအေးရေးကို အလေးအမြတ်ပြုကြ စေကြောင်း မြဝတီကအကျိုးမျှော်၍
နှိုးဆော်လိုက်ရပါသည်။
မြ၀တီ
0 comments:
Post a Comment