Pages

Saturday, November 24, 2012

ထိုင်းဝန်ကြီးချုပ်ယဉ်လတ်ရာထူးမှ နုတ်ထွက်ရန် ဘန်ကောက်မြိုတွင် လူဦးရေ ၁၀၀၀၀ ခန့် စုရုံးဆန္ဒပြ


ထိုင်းနိုင်ငံတွင်ဝန်ကြီးချုပ်ယဉ်လတ်အား ရာထူးမှနုတ်ထွက်ရန် တောင်း ဆို သည့် စုရုးဆန္ဒပြမှုများ ဘန်ကောက်မြို့၌ ယနေ့ စတင်ပြုလုပ်ကြ သည်။    ဆန္ဒပြပွဲများ  ပိုမိုအရှိန်ကောင်း ပြန့်နှံ့လာမည်ကို အာဏာပိုင်
များက စိုးရိမ်လျက်ရှိပြီး ရဲတပ်ဖွဲ့ ဆန္ဒပြ သူများအား မျက်ရည်ယိုဗုံးများ အသုံးပြုဖြိုခွင်းကြောင်း သိရသည်။ ယနေ့နံနက် ဘန်ကောက် စံတော်ချိန် ၉း၀၀ နာရီအချိန်ခန့်တွင် ဆန္ဒပြသူ ၁၀,၀၀၀ နီးပါး စုရုံးကာ ဆန္ဒပြမှု စတင်ခဲ့
ခြင်းဖြစ်သည်။ဘန်ကောက်တွင်ရဲတပ်ဖွဲ့ဝင်အများအပြားကိုလည်းအသင့်ချထားသည်။ကုလသမဂ္ဂရုံး အဆောက်
အအုံအနီးမှ အတားအဆီးများကို ဖယ်ရှားရန်ကြိုးပမ်းသော ဆန္ဒပြလူအုပ်အတွင်းသို့ ရဲတပ်ဖွဲ့ မျက်ရည်ယိုဗုံးဖြင့် ၁၀ ကြိမ်မျှ ပစ်ခတ်ခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။





 

 

 

0 comments:

Post a Comment

 
world time