ယခင်ကအစ္စရေးတပ်မတော်သုံးgalilrifleများကိုအတုယူပြီးထုတ်လုပ်သည်ဟုပြော ဆိုနေသော မြန်မာ့တပ်မ
တော်(Myanmar Army-MA)စီးရီး လက်နက်များ အထဲမှ
လက်နက်ငယ်များအား တရုတ်နိုင်ငံတပ်မတော်သုံး
QBZ ဒီဇိုင်းများဖြင့် ထွက်ရှိလာပါတယ် ။ ၄င်းQBZ များသည်
Bullpup(မောင်းခလုတ် နောက် တွင်ကျည်အိမ် နှင့်မောင်းပြန် စစ်စတမ်တပ်ဆင်ထားသော
)
သေနတ် အမျိုးအစားဖြစ်ပြီး သေနတ်အား ရင်ခွင်ထဲပိုက်ထားသကဲ့သို့
ဖြစ်နေမည်ဖြစ်ပြီး သေနတ်ပြောင်းရမ်းခါမှူကို သက်သာစေမှာဖြစ်တဲ့အတွက် ထိရောက်မှူပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်လို့လက်နက်ငယ်ဆိုင်ရာကျွမ်း
ကျင်သူ အရာရှိ တစ်ဦး မှ ပြောပါတယ် ။
ယခင်ကလည်း ဂျာမဏီမှ G3/G4 များကို လိုင်စင်ချပေးခဲ့ရာမှ လိုင်စင်သက်တမ်းကုန်၍ ရပ်နားခြင်းပြုခဲ့ပြီးဖြစ်ပါ
တယ် ။ထိုစဉ်ကလည်း
မြန်မာနိုင်ငံထုတ် G3(သို့)BA 63 များသည် အာရှတွင် လူမဆန်သော သေနတ် ဟု
နာ
မည်ကြီးခဲ့သေးသည်။အမ်အေများထုတ်လုပ်တပ်ဆင်ခဲ့ပြီးနောက် ပေါ့ပေါ့မှူ
ကျည်ထွက်ကောင်းမှူတို့ကြောင့် တိုင်း
ရင်းသားလက်နက်ကိုင်များသည် ၄င်းတို့၏
လက်နက်များကို စွန့်ခွါကာ စစ်တပ်မှကျဆုံးကျန်ခဲ့သော စစ်သား
များရဲ့ အမ်အေ
များကိုသာ ကိုင်ဆောင်နေကြပါသည် ။
ယခု အသစ်ထုတ် အမ်အေ စီးရီးသေနတ်များဟာ ဖိုင်ဘာကိုယ်ထည်နဲ့ဖြစ်တဲ့အတွက် ယခင် အမ်အေ ထက်ပိုမို
ယခု အသစ်ထုတ် အမ်အေ စီးရီးသေနတ်များဟာ ဖိုင်ဘာကိုယ်ထည်နဲ့ဖြစ်တဲ့အတွက် ယခင် အမ်အေ ထက်ပိုမို
ပေါ့ပါးသည့်အပြင် စကုပ်များပါတပ်ဆင်လာသည့်အတွက် ပစ်မှတ်ကို တိကျစွာ
ချိန်ရွှယ်ပစ်ခတ်နိုင်မည်ဖြစ်ပါ
သည် ။မကြာခင်မှာလည်း တပ်မတော်ခြေလျင်များတွင်
ညကြည့်များပါ တပ်ဆင်တော့မယ်လို့ သိရပါတယ် ။
ချပ်ဝတ်တန်ဆာများပါ
ပြောင်းလဲပေးတော့မည်ဖြစ်ပြိး ကြည်းတပ် စစ်သည်များကမူ ယခုဝတ်ဆင်နေသော
သံ
လွင်စိမ်းပြောင် ထက် ပြောက်ကျား ဝတ်စုံများကို သာဝတ်ဆင်လိုကြပါသည် ။
တိုက်ခိုက်ရေးဝတ်စုံတွင်လည်း ပေါ့
ပါးစွာ ဝတ်ဆင်နိုင်သော ဆာဖရီအကျီအား
အပြင်ကထုတ်ဝတ်၍ အပြင်ကခါးပတ် ပတ်ဝတ်ရသော ဒီဇိုင်းမျိုးကို
အလိုရှိနေကြကြောင်း သိရပါသည် ။
shannnews
0 comments:
Post a Comment