မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံ
အလှူရှင်တွေက ဆက်ကပ်တဲ့ ဆွမ်းကို ဘုန်းပေး ပြီးတဲ့နောက် မုံရွာမြို့
တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ်
စခန်းတွေဆီကို သွားရောက် ပူးပေါင်း ခဲ့ကြပါတယ်။
မနေ့ညပိုင်းက
လှေတွေကို အစိုးရဘက်က တားမြစ်ပေမယ့် ပြန်လည် ခွင့်ပြုတာကြောင့်
စက်လှေတွေနဲ့ တ
ဖက်ကမ်းကိုကူးပြီး ပူးပေါင်း လိုက်နိုင်တာဖြစ်တယ်လို့ ဆန္ဒပြ
ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်နု က ပြောပါ
တယ်။
သပိတ်စခန်းလေးခုမှာ လူအင်အား ၁၀၀၀ ကျော်၊ သံဃာအင်အား ၂၀၀ ကျော်ရှိနေရာက အခုသံဃာတွေ ထပ်ပေါင်းတာဖြစ်ပါတယ်။
ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မကြာသေးခင်ရက်ပိုင်းတုန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းရာသဘောတူညီ ချက်
ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မကြာသေးခင်ရက်ပိုင်းတုန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းရာသဘောတူညီ ချက်
ရခဲ့ပါတယ်။
ဒီသဘောတူညီချက်
ရပြီးတဲ့နောက် မနေ့က ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေအရေးပေါ်သတင်းစာ
ရှင်း လင်းပွဲခေါ်ယူပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့
ပတ်သက်လို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးနေစဉ်ကာလမှာ
စီမံကိန်းလုပ်ငန်းတွေကိုရပ်နားထားဖို့လိုတယ်လို့သဘောထားထုတ်ဖော်
ပြောဆိုထားပါတယ်။
အေးနိုင် (ဒီဗွီဘီ)
0 comments:
Post a Comment