အဖွဲ့ဟာ နေပြည်တော်မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက
ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
နေပြည်တော်၊ဇမ္ဗူသီရိမြို့
နယ်အတွင်းက တရားရုံးတွေကို ဝင်ရောက် စစ်ဆေးနေစဉ်ဒီကနေ့ စစ်ဆေးမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က
တရားရုံးတွေ ခေတ်မှီအောင် ကြိုးစားရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့ ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံးတွေကို ၀င်ရောက် စစ်ဆေးအပြီးမှာ
နေပြည်တော်က နေအိမ်ကို ပြန်လည် ထွက်ခွာသွားပြီး ကော်မတီ အတွင်းရေးမှုး ဦးဝင်းမြင့် နဲ့ အဖွဲ့ဝင်တွေက ပျဉ်း
မနား မြို့နယ် တရားရုံးကိုဆက်လက်စစ်ဆေးခဲ့ပါတယ်။အခုလို ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်
ပြီး တရားရုံးတွေကို ရှောင်တခင် သွားရောက် စစ်ဆေးတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
RFA (Burmese)

0 comments:
Post a Comment