Pages

Tuesday, October 2, 2012

Mark II တစ်စီး သိန်း ၃၀ သာရှိသည့် လိုင်စင်မဲ့ကားဈေးကွက် ကြီးထွားနေ

 
ပဲခူးတိုင်းဒေသကြီး၌လိုင်စင်မဲ့ကားအရောင်းအ၀ယ်မြင့်တက်လျှက်ရှိပြီးဈေးနှုန်းကွာဟမှုကြောင့် လိုင်စင်မဲ့ကားများအ
ဝယ် လိုက်လာခြင်းဖြစ်ကြောင်း ကားပွဲစားများက သုံးသပ်ကြသည်။ နိုင်ငံတော်အစိုးရမှ မော်တော်ယာဉ်တင်သွင်းမှု
နှင့်ပတ်သက၍ဖြေလျှော့မှုများလုပ်ဆောင်ပေးနေသော်လည်းတရားမ၀င်နယ်စပ်မှ ကားတင်သွင်းမှုများ ပြုလုပ်နေခြင်း
ဖြစ်သည်။
လိုင်စင်မဲ့ကားရောင်းဝယ်မှုမှာ အထူးသဖြင့် ပဲခူးမြို့လိပ်ပြာကန်အနီးဝန်းကျင်တွင် အရောင်းအ၀ယ်ဖြစ် လေ့ရှိကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။
 
ပဲခူးမြို့ပေါ်တွင်  လိုင်စင်မဲ့ကားစီးရေ (၅၀)ခန့်နှင့် တောင်ငူမြို့ပေါ်တွင် လိုင်စင်မဲ့ကားအစီးရေ (၃၀) ခန့် ရှိနေကြောင်း ပဲခူးမြို့ရှိ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။
 
တင်သွင်းသည့် လိုင်စင်မဲ့ကားများတွင် Honda Fit၊ Mark II၊ Light truck ကားများ အများဆုံးတွေ့ရကြောင်းကိုလည်း သိရှိရသည်။
 
ယခုနောက်ပိုင်းတွင်မြန်မာနိုင်ငံနေရာအနှံ့မှကားဝယ်လိုသူများသည်ပဲခူးနှင့်တောင်ငူရှိ ကား အရောင်းအ၀ယ်ဒိုင်များသို့ မှာယူနေခြင်း ဖြစ်သည်။
 
ကားအ၀ယ်ဒိုင်များ၏မှာကြားမှုများကြောင့်မြ၀တီမြို့မှနေ့စဉ်ပုံမှန်လိုင်စင်မဲ့ကားများ(၁၀)စီးမှ (၁၅)စီးခန့်အထိ ရောက်
ရှိနေကြောင်းကိုလည်း သိရှိရသည်။
 
“’ထုံးစံအတိုင်းလိုင်စင်နဲ့လိုင်စင်မဲ့နဲ့ကတော့ဈေးကတော်တော်ကွာမှာပေါ့နော်၊ဒါပေမဲ့လိုင်စင်မဲ့တွေက သူ့လူနဲ့သူ ရောင်း
ဖြစ် သလို လိုင်စင်ကားတွေကလည်း သူ့လူနဲ့သူတော့ ရောင်းရပါတယ်၊ အခုဒီထဲမှာ Mark II တစ်စီးကို ရောင်းဈေးက ၂၁၀ ရှိတယ်၊ Light truck တွေကတော့ ဒီမှာတင် တပ်ဆင်တဲ့ ကားတွေက (၁၀၀) လောက်ရှိပြီး သွင်းတဲ့ကားတွေကတော့ (၁၇၀) လောက် ရှိတယ်’’ ဟု ဟံသာဝတီ ကားအရောင်းအ၀ယ်စခန်းမှ ကားရောင်းဝယ်သူ ကိုထွန်းက လိုင်စင်မဲ့ကားဈေးနှုန်းကွာဟမှုနှင့်ပတ်သက် ၍ ပြောကြားခဲ့သည်။
 
လိုင်စင်မဲ့ကားများ၏ ဈေးနှုန်းမှာ Mark II တစ်စီးကို သိန်း ၃၀ ခန့်နှင့် Light truck တစ်စီးလျှင် သိန်း ၂၀ ခန့်သာ ရှိကြောင်း ပဲခူးမြို့ရှိ ကားဈေးကွက်မှ သိရှိရသည်။
 
လိုင်စင်မဲ့ကားများကိုပဲခူးမြို့မှတဆင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အသီးသီးသို့ကားများမှာယူမှုအပေါ်မူတည်၍ပို့ဆောင်ပေးလျက်ရှိကြောင်းကိုလည်းဈေးကွက်အတွင်းက စုံစမ်းသိရှိရ
သည်။
 
`ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မတို့မှာတာဝန်မရှိပါဘူး၊အခုအထိလည်းမကြားမိသေးပါဘူး၊ပြီးတော့ အထက်ကချပေး
မှပဲကျွန်မတို့ကအရေးယူတာတို့ဘာတို့လို့ရမှာ”ဟုထိုလိုင်စင်မဲ့ကားများအားအရေးယူမှုနှင့်ပတ်သက်၍ က.ည.န(အင်း
စိန်)မှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။
 
ယခုနောက်ပိုင်းတွင်လိုင်စင်နှင့်ကားတစ်စီးလျှင်ကျပ်သိန်း(၂၀၀)ဈေးဝန်းကျင်ဈေးပေါက်နေသော်လည်းအဆိုပါ လိုင်
စင်မဲ့ကားဈေးကွက်ကြောင့် ကားစီးသူအချို့မှာ (၂၅)သိန်းဝန်းကျင်နှင့်  ကားစီးနိုင်ကြောင်းကိုလည်း သိရသည်။
 
ထို့ကြောင့်ပဲခူးမြို့ပေါ်ရှိကားဝယ်/ရောင်းပုဂ်္ဂိုလ်များနှင့်ချိတ်ဆက်ကာလိုင်စင်မဲ့ကားများကိုသာအများစု ၀ယ်ယူစီးနင်းမှု
များ လာကြောင်းကိုလည်း သိရသည်။ ယခုနောက်ပိုင်းတွင် တရားမ၀င် တင်သွင်းမှုများသည် ရန်ကုန်သို့ တင်သွင်းမှု အများဆုံးဖြစ်လာကြောင်းကိုလည်း ဈေးကွက်အတွင်းက သိရှိရသည်။
 
 
မစ်မခသတင်း

0 comments:

Post a Comment