Pages

Tuesday, October 2, 2012

မသန်စွမ်းတော့ သည့် ရဲများ ကိုယ်စား တာဝန် ထမ်းဆောင်ပေးနိုင်မည့် စက်ရုပ်များ တီထွင်ရန် အမေရိကန် သုတေသီ များ ကြိုးပမ်း

(မီယာမီ အောက်တိုဘာ ၁)
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် နိုင်ငံတကာ တက္ကသိုလ် (FIU) မှ သုတေသီ များသည် သိပ္ပံဇာတ်ကား အများ စု၌ စိတ်ကူးယဉ် ရိုက်ကူးထားသော လူဦးနှောက်နှင့် စက်ရုပ် ကိုယ်ထည်ရှိ Cyborg စက်ရုပ်များ နည်းတူ ပြင်ပ လောက၌ မသန်စွမ်း နိုင်တော့သည့် ရဲများနှင့် စစ်သည်များ ကိုယ်တိုင် စက်ရုပ်များကို အမှန်တကယ် ထိန်းချုပ် ခိုင်းစေနိုင်မည့် နည်းလမ်း များကို ရှာဖွေလျက် ရှိကြောင်း အင်တာနက် သတင်းတစ်ပုဒ် အရ သိရသည်။
ယင်းအစီအစဉ်အတွက်အာဖဂန်နစ္စတန်နိုင်ငံတွင်တာဝန်ထမ်းဆောင်ခဲ့သူအမေရိကန်ရေတပ်မှ အရာရှိကြီး ဟောင်းတစ်ဦး ဖြစ်သူ
ဂျေရမီရိုဘင်က အမေရိကန် ဒေါ်လာ ၂ဝဝဝဝ လှူဒါန်း ထားသည်ဟု သိရသည်။ 
 
၎င်း အစီအစဉ် အရ ပြင်ပ လောက၌ လူသားနှင့် စက်ရုပ် အမှန်တကယ် ဆက်သွယ်နိုင်ပြီး စက်ရုပ်ကို ထိန်းချုပ် စေခိုင်းနိုင်မည့် နည်းလမ်းများကို (FIU) မှ သုတေသီ များက ကြိုးစား ရှာဖွေလျက် ရှိသည်။ ယင်းစက်ရုပ် များကို မစွမ်းဆောင် နိုင်တော့သည့် ရဲများ နေရာတွင် အသုံးပြု နိုင်ရန် အတွက် ရည်ရွယ် ထားသည်ဟု သိရသည်။

အဆိုပါ နည်းလမ်း ရှာဖွေမှုသာ အောင်မြင်ခဲ့ပါက ၎င်းစက်ရုပ် များသည် ရဲများကိုယ်စား ကင်းလှည့်ခြင်း လုပ်ငန်းများ၊ အရေး ပေါ် လုပ်ငန်းများတွင် တာဝန် ထမ်းဆောင် ပေးနိုင်မည် ဖြစ်သည် ဟု သိရသည်။
 
 
မြ၀တီသတင်း

0 comments:

Post a Comment

 
world time