Pages

Wednesday, October 17, 2012

အင်တာနက်ဆိုင်များ၌ Internet သုံးစွဲသူနည်းလာ

 
ဖုန်းများတွင် အင်တာနက်ဖွင့်ခွင့် ပေးလိုက်သဖြင့် အင်တာနက်ဆိုင်များ၌ စက်သုံးသူ (အင်တာနက် အသုံးပြုသူ) ယခင်ကလောက် မများေ တာ့ကြောင်း အောက်တိုဘာ ၁၅ ရက်က အင်တာနက်ဆိုင် တာဝန်ခံ တစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ “ကျွန်တော်တို့ဆိုင်မှာ စက် ၂၄ လုံး ရှိပါတယ်။ ခါတိုင်းဆိုစက်သုံးသူ၊ နိုင်ငံခြားဖုန်းပြောသူ၊ ဂိမ်းဆော့သူတွေနဲ့ ပြည့်နေပြီး စက်အလွတ်မရှိလို့ ထိုင်စောင့်နေ
ရတဲ့ အခါတွေတောင် ရှိပါတယ်။ အခုတော့ ဖုန်းတွေနဲ့အင်တာနက်ချိတ်ပြီးလက်ဖက်ရည်ဆိုင်ထိုင်ရင်းဘတ်
စ်ကားစောင့်ရင်း သုံးနိုင်လာတာကြောင့် ဆိုင်မှာ လာသုံးသူ နည်းသွားပါတယ်” ဟု ဆိုသည်။

“မြန်မာစာလုံးတွေ “၍၊ ၌” စသည်ဖြင့် Alt Key နှင့် တွဲနှိပ်ရတဲ့ စာလုံးတွေ ရိုက်တဲ့အခါ အင်တာနက်ဆိုင်မှာ စက်အများစုက သုံးလို့မရပါဘူး။

အခုတော့ ဖုန်းနဲ့သုံးတဲ့အတွက် အဆင်ပြေသွားပါပြီ။ အင်တာနက်ဆိုင် သွားစရာ မလိုတော့ဘူး” ဟု အင်တာ
နက်ဆိုင်များတွင် G-mail သုံးစွဲခဲ့သူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့
ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

  ခေတ်လူငယ်

0 comments:

Post a Comment

 
world time