Pages

Wednesday, October 17, 2012

သီတဂူ ဆရာတော် မြစ်ကြီးနား မျက်စိကုသရေးဌာန အတွက် လှူဒါန်း

သီတဂူ ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တောင်တန်းသာသနာပြု အံတော်ရှင် ကျောင်းဝင်းအတွင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။

တောင်တန်းသာသနာပြု သီတဂူ ဆရာတော် အရှင်ဥာဏိဿရ ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မျက်စိ
ကုသရေးဌာနကို အမေရိကန်ဒေါ်လာ ၇ သောင်းခွဲ တန်ဖိုးရှိတဲ့ ကုသရေး ပစ္စည်းတွေ လှူဒါန်းမယ်လို့ RFA ကို မိန့်ပါတယ်။

မျက်စိဝေဒနာ ကုသဖို့ အတွက် မြစ်ကြီးနားမြို့ တောင်တန်း သာသနာပြု သီတဂူ စက္ခုဒါနဆေးရုံမှာ မှတ်ပုံ
တင်ထားတဲ့ မျက်စိဝေဒနာရှင် တစ်ထောင်ဝန်းကျင်ထဲက လူပေါင်း ၃၀၀ နီးပါး နဲ့ ပူတာအိုက လူပေါင်း ၁၀၀ နီးပါးကို ခွဲစိတ်ကုသနိုင်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဒါအပြင် ဆရာတော် အရှင်ဥာဏိဿရ ဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ ရှိတဲ့ အကျဉ်းသား ၁၈၀၀ ကို တရားဟောပြီးတော့ ထမင်းကျွေး ဒါနပြုဖို့လည်း ရှိတယ်လို့ သိရပါတယ်။

သီတဂူဆရာတော်ကြီးရဲ့ တောင်တန်းသာသနာပြုသီတဂူစက္ခုဒါန ဆေးရုံတွေဟာ မြန်မာနိုင်ငံ ဒေသ အသီး
သီးမှာ ၁၉ ခု ရှိပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ မျက်စိဝေဒနာရှင်တွေကို ကုသလာတာ အခုဆိုရင် ၁၅
 နှစ်ရှိပြီလို့ သိရှိရပါတယ်။

RFA (Burmese)

0 comments:

Post a Comment

 
world time