Pages

Thursday, October 18, 2012

လွှတ်တော်တွင်း ဒီမိုကရေစီ နည်း ကျ ဆွေးနွေးမှုတွေ ဖြစ်စေဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း




NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ဒီမိုကရေစီ နည်း ကျ ဆွေးနွေးမှုတွေနဲ့ လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေ ကို ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက် အကျိုးမရှိ တဲ့ ဆွေးနွေး ချက်တွေကို ကန့်ကွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါ တယ်။
မနက်ဖြန် ကျင်းပမယ့် ပဉ္စမအကြိမ် လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ နေပြည်တော်ကို ရောက်နေ
တဲ့ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်း
 ပြောကြားခဲ့တာလို့ လွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

လက်ရှိ အစိုးရရဲ့ အုပ်ချုပ်ပုံ စနစ်ကို ဒီမိုကရေစီ နည်းလမ်း ကျ မကျ၊ ပွင့်လင်းမြင်သာမှု ရှိမရှိ ဆိုတာနဲ့ တိုင်း
တာဖို့ လိုအပ်ကြောင်း၊ကိစ္စအားလုံးကိုပွင့်လင်းမြင်သာမှုရှိအောင် ပြည်သူလူထုကိုအသိပေးရမှာဖြစ်ကြောင်း၊

 ဒါကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ရှေ့နောက် မညီတာတွေ တွေ့ရင် လွှတ်တော် ကိုယ်စားလှယ်
တွ အနေနဲ့ ပြည်သူ့အကျိုး အတွက်၊ နိုင်ငံ့အကျိုးအ တွက် ဆွေးနွေး ပြော ဆိုသင့်တာတွေကို ခိုင်ခိုင်မာမာ ရပ်တည်ပြီး ရှင်းလင်း ပြောဆိုဖို့ လိုအပ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရပါ
တယ်။

RFA(Burmese)

0 comments:

Post a Comment

 
world time