Pages

Thursday, October 18, 2012

မြိတ်- ကော့သောင်း မြို့များသို့ ရေကြောင်း သိပ္ပံမှ ကျောင်းသားများ ပင်လယ်ပြင် လေ့လာရေး ခရီးထွက်ခွာ


ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ ရေကြောင်း အင်ဂျင်နီ ယာ၊ ရေကြောင်း လျှပ်စစ်နှင့် အီလက် ထရွန်နစ် တတိယ နှစ်နှင့် စတုတ္ထနှစ် ကျောင်းသား များသည် ကထိက ဒေါက်တာ သုဟန်ထွန်း ဦးဆောင်သော ဆရာများနှင့် အတူ အောက်တို ဘာ ၁၂ ရက်က  မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း  မြစ်ကြီးနား သင်္ဘောဖြင့် ရန်ကုန်မြို့မှ မြိတ်- ကော့သောင်း မြို့များသို့   ပင်လယ်ပြင် လေ့လာရေး ခရီး ထွက်ခွာ သွားကြသည်။
အလားတူ စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ဒုတိယနှစ် ရေကြောင်း သိပ္ပံမှ ကျောင်းသား များသည် ပင်လယ်
ပြင် လေ့လာရေးခရီးအားကြီးကြပ်ဆရာဦးစိန်ဝင်း(ရေယာဉ်မှူး ပထမတန်း) နှင့်အတူ မြန်မာ့ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း တောင်
ကြီး သင်္ဘော ဖြင့် ရန်ကုန်- မြိတ်- ကော့သောင်း မြို့သို့ သွားရောက် ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

 
world time