Pages

Thursday, October 11, 2012

တိုယိုတာ ကား ၂ သန်းကျော် ကုမ္ပဏီ ပြန်သိမ်း

ဂျပန်နိုင်ငံက တိုယိုတာ ကား ကုမ္ပဏီကြီးက ကား တံခါး စနစ်တခု ချို့ယွင်းမှုကြောင့် ကမ္ဘာတ၀န်းက တိုယိုတာ ကားအစီး ရေ ပေါင်း ၇.၄၃ သန်းကို ပြန်လည် သိမ်းဖို့ ကုမ္ပဏီက ယမန်နေ့က ကြေညာချက် ထုတ်လိုက်ပါတယ်။ နာမည်ကြီးတဲ့ Toyota ရဲ့ Camry, Corolla စတဲ့ ကားတွေဟာ တံခါးက လျှပ်စစ်စနစ်အားနည်း ချက်ကြောင့် ရယ် ချောစီ ညီမျှမှု မရှိတာကြောင့် မီးခိုးတွေထွက်ပြီး မီးလောင်မယ့် အန္တရာယ်ရှိနိုင်တာ ကို တွေ့ရှိလိုက်ပြီး အခုလို ပြန်သိမ်းဖို့ ဖြစ်လာ တာပါလို့ တိုကျိုက လာတဲ့ AFP သတင်းတပုဒ်က ဆိုပါတယ်။ “နောက်တခု စိုးရိမ်ရတာက ကား တံခါးမှာ ချောဆီထည့်တာ မညီမျှမှု ဖြစ်သွားခဲ့တယ်။ ဒါကြောင့် မဖြစ် သင့်တဲ့ ပွတ်တိုက်မှု တွေဖြစ်တာ”လို့ တိုကျိုအခြေစိုက် တိုယိုတာ ကား ကုမ္ပဏီရဲ့ ပြောခွင့်ရသူက AFP ကို ပြောလိုက် တာပါ။ 

အခုဆို ပြန်သိမ်းမယ့် ကားတွေထဲမှာ အမေရိကန်ပြည်ထောင်စုမှာချည်းပဲ ကားအစီးရေ ၂. ၄၇ သန်း ဖြစ်ပြီး နောက် ထပ် ကားအစီးရေ ၂. ၈ သန်းကတော့ ဥရောပ၊ တရုတ်တို့က ဖြစ်ကြပြီး ကျန် တာတွေ ကတော့ ဂျပန်၊ ကနေဒါ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေက ဖြစ်ပါတယ်။ 

အခု ပြဿနာ ရှိတဲ့ ကားအမျိုးအစားတွေထဲမှာ Corolla, Camry, RAV4 Sport ကားတွေအပြင် ၂၀၀၉ မော်ဒယ် ကားတွေ လည်းပါနိုင်တယ်လို့ ဆိုပါတယ်။ 

ဂျပန်မှာ ပြန်သိမ်းနေတဲ့ ကားတွေကလည်း အစောပိုင်း မော်ဒယ် တချို့ပါ ပါတယ်လို့ ဆိုနေပါတယ်။ အခုလို ပြန် သိမ်းနေ တာဟာ ကားစီးသူတွေ လုံခြုံဘေးကင်းရေး အတွက် ကုမ္ပဏီက တာဝန်ယူတဲ့ သဘောပါ။ 

 တိုယိုတာ အနေနဲ့ ကမ္ဘာတ၀န်းကို ကားအစီးရေ ၁၂ သန်းတင်ပို့ခဲ့ရာမှာ အခုလို ပြန်သိမ်းတဲ့ ကားက ၂ သန်းကျော် ရှိတာ ဟာ ၁၉၉၆ ခုနှစ်က ဖို့ဒ် ကားတွေ ပြန်သိမ်းတာပြီး ဒုတိယ အများဆုံးဖြစ်နေပါတယ်။ 
 
ဧရာဝတီ

0 comments:

Post a Comment

 
world time