Pages

Thursday, October 11, 2012

မြန်မာကစားသမားများအတွက် ကူညီထောက်ပံ့မည့်ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါခေါ်ယူ


၂၀၁၃ ခုနှစ်၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် စခန်းသွင်း
လေ့ကျင့်လျှက် ရှိသော မြန်မာအားကစားသမားများတွက် Sponsor အဖြစ် ဆောင်ရွက်ရန်အိတ်ဖွင့်တင်ဒါ
ခ်ါယူ လျှက်ရှိကြောင်း အားကစားဝန်ကြီးဌာနတင်ဒါအဖွဲ့က  သိရှိရသည်။

အားကစားလေ့ကျင့်ရေးနှင့် ပြိုင်ပွဲဝင် ၀တ်စုံအမျိုးမျိုး၊ အားကစား နည်းအလိုက် လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲသုံး အားကစားအထောက်အကူ ပစ္စည်းအမျိုးမျိုး၊ ပြိုင်ပွဲအထိမ်းအမှတ်ဝတ်စုံအမျိုးမျိုး၊ သောက်ရေသန့်နှင့်အချို
ရည်အမျိုးမျိုး၊ ကော်ဖီမစ်၊တီးမစ်၊ ကွေကာ၊အခြားစားသောက်ဖွယ်ရာအမျိုးမျိုးအစရှိသည်များအားSponsor
ပေးရန်အတွက် တင်ဒါခေါ်ယူနေခြင်းဖြစ်သည်။
 
 “Sponsor အဖြစ် ဆောင်ရွက်လိုတဲ့ လုပ်ငန်း ကုမ္ပဏီ အနေနဲ့ လုပ်ငန်းတစ်ခုက စတင်ပြီး Sponsorအဖြစ်
 ပေးနိုင်ပါတယ်။ ဟု တင်ဒါအဖွဲ့မှ မအိမွန်က ပြောသည်။

အဆိုပါ ပစ္စည်းများကို Sponsorအဖြစ် ဆောင်ရွက်လိုသော လုပ်ငန်းကုမ္ပဏီများ ကြော်ငြာများအား လာ
မည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် သက်ဆိုင်သည့် နေရာများတွင် ကြော်ငြာ
ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

Sponsor အဖြစ် ရွေးချယ် သတ်မှတ်ချိန်မှစပြီး ထောက်ပံ့လိုသည်ပစ္စည်း အမျိုးအစား အရေအ တွက် နှင့်
ကြော်ငြာ ရယူလိုသည့်ကိစ္စများကို ရှင်းလင်း ပြည့်စုံစွာထည့်သွင်းဖော်ပြပေးရမည်ဖြစ်ကြောင်း ကိုလည်း သိ
ရှိရသည်။

အဆိုပါ အိတ်ဖွင့်တင်ဒါပုံစံများကို အောက်တိုဘာလ (၉) ရက်နေ့မှ (၂၂) ရက်နေ့ အထိ နေ့စဉ် အားကစား
ဝန်ကြီးဌာန ရုံးအမှတ် (၃၁) နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

လက်ရှိတွင်(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အား
ကစားသမား (၁၅၀၀)၀န်းကျင်ကို စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိသည်။
 
 “လောလောဆယ်တော့ ကုမ္ပဏီမှ တင်ဒါလာတင်တာတွေ တော်တော်များနေပါတယ်၊ ကုမ္ပဏီဘယ်နှစ်ခု
ရှိပြိဆိုတာတော့ အတိအကျ မသိရသေးဘူး။ ဟု မအိမွန်က ဆိုသည်။


မြစ်မခသတင်း
 

0 comments:

Post a Comment

 
world time