ရခိုင်ပြည်နယ်ဒေသအချို့တွင် အဆောတလျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု ၊
သို့မဟုတ် အန္တရာယ်ဖြစ်လိမ့်မည်ဟု စိုးရိမ်ဖွယ်ရှိသဖြင့် တားဆီးနိုင်ရန်
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားရှိပါသည်။
ယခုအခါ ရခိုင်တိုင်းရင်းသား နှင့် ဘင်္ဂလီလူမျိုးတို့အကြား ကျောက်ဖြူ ၊
မင်းပြား ၊ မြောက်ဦး ၊ အမ်း ဒေသ များတွင် ပဋိပက္ခများထပ်မံဖြစ်ပွားလာသဖြင့်
လူအသေအပျောက်များရှိခဲ့ပြီး ၊ ဒဏ်ရာရရှိသူအများ အပြားလည်းရှိကြောင်း
ဝမ်းနည်းဖွယ်ရာကြားသိရပါသည်။
ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သော ပဋိပက္ခများကို
ထိန်းသိမ်းရေး နှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက်နိုင်ငံတော် အစိုးရ
နှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက
ပိုမိုဝိရိယစိုက် ထုတ်ဆောင်ရွက် ရန်လို အပ်နေပါသည်။
နိုင်ငံတော်အစိုးရနှင့်လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများကပိုမိုထိရောက်သောလုပ်ဆောင်မှုများအမြန်ဆုံးဆောင်
ရွက်ပါရန်အလေးအနက်တိုက်တွန်းပါသည်။(၂၄.၁၀.၂၀၁၂)တွင်ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့
၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိရပါသည်။
Hot News Journal
0 comments:
Post a Comment