မြန်မာမူဆလင်အသင်းအဖွဲ့ (၄)ဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သော ဘာရ်ကာဒီး အစ်ဒ်နေ့
တွင် ကုရ်ဘာနီမပြု လုပ်ကြရန် အကြောင်းကြားစာကို နယ်မြို့အသီးသီးရှိ
ဗလီများသို့ ၂၃ ရက်နေ့အရောက် ပေးပို့နိုင်ခဲ့သော် လည်း ၂၄ ရက်နေ့က
ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လုံခြုံရေးအစည်းအဝေးတွင် အစ္စလာမ်
လူမျိုးများ ကုရ်ဘာနီပြုလုပ်ပါက လုံခြုံရေးယူပေးရန်
သဘော တူညီမှုကြောင့် ရန်ကုန်မြို့ရှိ အစ္စလာမ်ဘာသာဝင်များက အစ်ဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ကြမည်ဖြစ်သည်။
သို့သော်အဆိုပါအစ္စလာမ်အသင်းများအနေဖြင့်ကုရ်ဘာနီပြန်လည်ပြုလုပ်ရန်အကြောင်းကြားစာများကို
ပြန်လည် အကြောင်းကြားခြင်းမပြုလုပ်သေးကြောင်းနှင့် နယ်မြို့များရှိ
အစ္စလာမ်ဘာသာဝင်များအကြားတွင် သို့လော သို့လော
တွေးထင်မှုများရှိနေကြောင်းသိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာaမ်ာလ၀ီများအသင်းချုပ်ကကုရ်ဘာနီမပြုလုပ်ခြင်းကိုကန့်ကွက်ပြီးသတင်းထုတ်ပြန်စာ
တွင်လက်မှတ်ရေးမထိုးထားသည်ကိုaတွ့ရှိရသည်။နယ်မြို့များရှိအစ္စလာမ်ဘာသာဝင်များက ကုရ်ဘာနီမပြု
လုပ်ရခြင်းအတွက်မကျေနပ်မှုများရှိနေပြီးအဆိုပါကိစ္စအတွက်
အခြေအနေတင်းမာမှုများဖြစ်ပေါ်လာနိုင်
ကြောင်း၊
တင်းမာမှုများမဖြစ်ပေါ်စေရန်သက်ဆိုင်ရာအစ္စလာမ်အသင်းအဖွဲ့များကစီမံဆောင်ရွက်သင့်ကြောင်းကို ငြိမ်း
ချမ်းရေးလိုလားသူများက ထောက်ပြ သုံးသပ်ကြ သည်။
By: People Development for Knowledge
==============================================================
ဆက်စပ်သတင်း(ရန်ကုန်)
ဆူးလေဘုရားတွင် ဆန္ဒထုတ်ဖော်
တိုင်းရင်းသားငြိမ်းချမ်းရေးကွန်ယက်မှ
သံဃာတော်အပါး ၁၆၀ကျော် လူပုဂ္ဂိုလ်၅၀ဦးခန့်သည် ဆူးလေဘု ရားရှေ့တွင်
ဆန္ဒထုတ်ဖော်နေပြီး လွှတ်တော်တွင်းမှ တရားမ၀င်ဘင်္ဂါလီအမတ်များ
ချက်ခြင်းဖယ်ရှားပေး ရန် တောင်းဆိုမှုများ ပြုလုပ်နေကြာင်းသိရသည်။ —
0 comments:
Post a Comment