(ဓာတ်ပုံ -
ဘိုဘို၊ မဇ္ဈိမ)
ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သောဖြစ်ရပ်အတွက်
မြန်မာနိုင်ငံမှ ရဟန်းသံဃာ နှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့ရှိ
ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြပွဲ များ ထပ်မံဖြစ်ပွားနေရာ ဘာသာရေး၊
လူမျိုးရေး လက်စားချေမှုများကိုမူ မပြုသင့်ကြောင်း ရန်ကုန်တိုင်းရှိ ရခိုင်
တိုင်းရင်းသား ဝန်ကြီး ဦးဇော်အေးမောင် က ပြောဆိုလိုက်သည်။“ဘင်္ဂလားဒေရှ်မှာ
ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အထူးဝမ်းနည်းပါတယ်။ ဘင်္ဂလားဒေ့ရှ်
နိုင်ငံအနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သတ်လို့ တတ်နိုင်သလောက် လုပ်ပေးနေတာတွေ
ရှိပါတယ်။ ခုလိုဆန္ဒပြတာက International pressure (နိုင်ငံတကာ ဖိအား)
ဖြစ်စေတာပေါ့။ သူတို့လည်း ဒီမိုကရေစီနိုင်ငံပဲလေ။ ကျနော့်အနေနဲ့ ဆန္ဒပြသူ
တွေကို ဥပဒေဘောင်တွင်းကတော့ လုပ်စေချင်တယ်။ ပြီးတော့ ဒီကိစ္စကို ဒီလောက်နဲ့ ပြီးသွားစေချင်တယ်။ လက်စားချေတာက ၂၁ ရာစုမှာ မရှိတော့ပါဘူး” ဟု ဝန်ကြီးက ဆိုသည်။
တွေကို ဥပဒေဘောင်တွင်းကတော့ လုပ်စေချင်တယ်။ ပြီးတော့ ဒီကိစ္စကို ဒီလောက်နဲ့ ပြီးသွားစေချင်တယ်။ လက်စားချေတာက ၂၁ ရာစုမှာ မရှိတော့ပါဘူး” ဟု ဝန်ကြီးက ဆိုသည်။
မွန်းလွဲ ၂ နာရီခန့်က စတင်ခဲ့သောအဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား မရန်မာကြီး လူမျိုးများ အဖွဲ့၊ ရခိုင်အမျိုးသား ကွန်ယက်၊ ရခိုင့်ဂုဏ်ရောင် အဖွဲ့၊ လေးဝတီ ငြိမ်းချမ်းရေး လူငယ်များအဖွဲ့ စသည့် အဖွဲ့ပေါင်း ခုနှစ်ဖွဲ့ခန့်၏ ပံ့ပိုးကူညီမှုဖြင့် သံဃာတော်များ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“သံဃာတော်တွေက မေတ္တာပို့ ဆုတောင်းတဲ့အတွက် ခွင့်ပြုမိန့် တောင်းခံတာ မရှိ လို့ သိရတယ်။ အဓိက က သံဃာတော်တွေ ဦးဆောင်တာပါ။ တနိုင်ငံလုံးက ဗုဒ္ဒဘာသာ ခေါင်းဆောင်တွေက လုပ်သင့်တယ်လို့ ယူဆပြီး သံဃာတော်တွေ ဦးဆောင်တာကို ကျနော်တို့ လူမှုရေး၊ ဘာသာရေးအဖွဲ့တွေက ပံ့ပိုးကူညီတာပါ” ဟု ရခိုင် အမျိုးသား ကွန်ယက်မှ ကိုတင်ထူးအောင် က ပြောသည်။
ဘာသာရေး လွတ်လပ်မှုကို လေးစားရန်၊ အကြမ်းဖက်သမားများအား ကမ္ဘာသိ အရေးယူပေးရန် စသည့် အချက်များပါဝင်သည့်တောင်းဆိုချက်များကိုဘင်္ဂလားဒေ့ရှ်အစိုးရ၊နိုင်ငံအသီးသီးမှ အစိုးရ ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များနှင့် ဘာသာရေး ခေါင်းဆောင်များထံ လိပ်မူ ပေးပို့ခဲ့ကြသည်။
ပြီးခဲ့သည့်သောကြာနေ့ကလည်းရန်ကုန်ရောက်ရခိုင်ရဟန်းတော်များ သာရေးနာရေး အသင်းမှ ဦးဆောင်၍ အဆိုပါသံရုံးရှေ့တွင် လူအင်အား ၃ဝဝ ကျော်ဖြင့် ပထမအကြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသေးသည်။
“ကျနော်တို့အောက်တိုဘာ၆ရက်နေ့ကသံရုံးကိုကြေညာချက်ပို့လိုက်တဲ့သူတွေကို သံရုံးက တွေဆုံဆွေးနွေး
ဖို့
ကမ်းလှမ်းတယ်။ ဒါပေမယ့် တွေ့ခွင့်တောင်းတယ်ဆိုတာက Officially (တရားဝင်)အရ
စာပို့ရမယ်။ ခုတော့ အကြောင်းကြားတာမရှိတဲ့အတွက်ကျနော်တို့အနေနဲ့စောင့်ကြည့်တဲ့အခြေအနေ ရှိတယ်။ နောက်ပိုင်းကိစ
္စတွေကတော့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်ပုံကိုကြည့်ရမယ်”ဟုကိုတင်မောင်ထူး က
ပြော
သည်။
အစ္စလာမ်ဘာသာဝင်တို့၏အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ် မီးလောင်ကျွမ်းနေသည့်ပုံ ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင်လူငယ်တဦးကတင်သည်ဟု စွပ်စွဲကာဒေါ
အစ္စလာမ်ဘာသာဝင်တို့၏အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ် မီးလောင်ကျွမ်းနေသည့်ပုံ ဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင်လူငယ်တဦးကတင်သည်ဟု စွပ်စွဲကာဒေါ
သထွက်နေသောလူအုပ်များကကော့ဘဇားခရိုင်နှင့်စစ်တကောင်းဒေသတွင်းရှိဗုဒ္ဓသာသနိက
အဆောက်အ
အုံ ၁၂ ခုကို စက်တင်ဘာလ ၂၉ ရက်နေ့ညနှင့် ၃ဝ ရက်နေ့များက
တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။
ထိုဒေသများတွင် ဗုဒ္ဓဘာသာဝင် လူနည်းစုများဖြစ်သည့် သက်၊ ဒိုင်းနက်၊ မျို၊ ခမီ၊ မာရမာကြီး (ဘရုဝါ)နှင့် ရခိုင်လူမျိုးများ နေထိုင်ကြသည်။
“ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျနော်တို့ရဲ့ လူနည်းစု ဗုဒ္ဒဘာသာတွေကို အဲဒီနိုင်ငံကနေ တတ်နိုင်သလောက် ကာကွယ်ပေးချင်တဲ့သဘောပါပဲ”ဟုတနင်္လာနေ့ဆ္ဒပြပွတြွင်ပါဝင်သည့်မာရမာကြီး လူမျိုးများအဖွဲ့မှ ခေါင်း

ဆောင်တဦးက ဆိုသည်။
ဆန္ဒပြသူများသည်ဘင်္ဂလားဒေ့ရှ်သံရုံးမှတဆင့်အမေရိကန်သံရုံးသို့လမ်းလျှောက်ချီတက်ကာ အကြမ်းဖက်
ဆန္ဒပြသူများသည်ဘင်္ဂလားဒေ့ရှ်သံရုံးမှတဆင့်အမေရိကန်သံရုံးသို့လမ်းလျှောက်ချီတက်ကာ အကြမ်းဖက်
သမား များ၏ လက်ချက်ဖြင့် သေဆုံးသွားသော လစ်ဗျားနိုင်ငံဆိုင်ရာ
အမေရိကန် သံအမတ်ကြီးအတွက် လွမ်းသူ့ပန်းခြင်းပေးပို့ကာ မေတ္တာပို့ အမျှအတမ်း ပေးဝေခဲ့ကြသည်။
ရန်ကုန် (မဇ္ဈိမ)
0 comments:
Post a Comment