Pages

Tuesday, October 9, 2012

ကမ္ဘာ့ချန်ပီယံ ဖရုံသီးပြိုင်ပွဲ အလေးချိန် ၁၇၇၅ ပေါင်ရှိ ဖရုံသီးကြီး ဆုရရှိ


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် ပြုလုပ်သော ကမ္ဘာ့ချန်ပီယံ ဖရုံသီး ပြိုင်ပွဲတွင် အလေးချိန် (၁၇၇၅
)ပေါင်ရှိ ဖရုံသီးကြီးက ဆုရရှိသွားခဲ့သည်။ အသက်(၄၅)နှစ်အရွယ် လယ်သမား သာ့ဒ်စတဲရားအတွက်မူ ယခု
တစ်ကြိမ် ဖရုံသီးကြီးနှင့် ဆုရခြင်းသည် ၎င်း၏ ဘဝတွင် တတိယအကြိမ်မြောက် ဖြစ်လာခဲ့သည်။
ပစ်ကပ် ထရပ်ကား တစ်စင်းဖြင့် သယ်ယူ နေရာရွှေ့ပြောင်းရသည့် ဖရုံသီးကြီးဖြင့် ဆုရခဲ့သည့်နောက် သာ့
ဒ်သည် ဇနီးနှင့် သားသမီး နှစ်ဦးတို့ကို ခေါ်ယူကာ အောင်ပွဲ အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သည်။

၎င်းသည် ဖရုံသီးကြီးအတွက် အလေးချိန် တစ်ပေါင်လျှင် (၆)ဒေါ်လာနှုန်း တွက်ချက်ကာ ဆုကြေး ဒေါ်လာ (၁၀၆၅၀) ရရှိခဲ့သည်။ 


သို့သော်လည်း သာ့ဒ်သည် ကမ္ဘာ့စံချိန်တင် အလေးချိန်ရှိ ဖရုံသီးမျိုးအတွက် သီးခြားပေးချေမည့် ဆုကြေး
 ဒေါ်လာ (၂၅၀၀၀)ကိုမူ မရရှိခဲ့ပေ။

(၂၀၀၉)ခုနှစ်က ရုဒ်အိုင်းလန်းမှ ထွက်ရှိသော ဖရုံသီးကြီးမှာ ယနေ့တိုင် ကမ္ဘာ့စံချိန်တင် အလေးချိန်အဖြစ် မှတ်တမ်းတင်ထားဆဲ ဖြစ်သည်။


Planet Myanmar Network:

0 comments:

Post a Comment