ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင် လာရောက်ဖွင့် လှစ်ပေးခဲ့သော
မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD
ပါတီဝင်များထောက် ခံသော ခေါင်းဆောင်(၃)ဦးအား ပါတီ
ဝင်အဖြစ်မှ
ရပ်ဆိုင်းခဲ့သောဗဟိုမှထုတ်ပြန်ကြေညာမှုကြောင့်ပုသိမ်NLD
ပါတီဝင်အများစုမှာပါတီဝင်အဖြစ်
“ကျွန်တော်တို့ ဒီစာတွေကို မယုံပါဘူး၊ ဒီလှိုင်းဂျာနယ်မှာပါပေမဲ့လည်း
ဘယ်သူ ထုတ်ပြန်ကြောင်းကို အမည် မတပ်ထားတဲ့အတွက်ပါတီကို ဖြိုခွဲဖို့
ကြံစည်နေတဲ့သူတွေကလုပ်ကြံဖန်တီးထားတဲ့ စာတွေလို့ပဲ မြင်ပါတယ်
” ဟု
ကြားဖြတ်ရွေးကောက်ပွဲတွင်ပုသိမ်လူငယ်ခေါင်းဆောင်အဖြစ်တာဝ န်ယူခဲ့သောဦးမြင့်စိုးက ပြောသည်။
ပုသိမ်NLDရုံးအားတရားမ၀င်ကြောင်းနှင့်ပါတီခေါင်းဆောင်(ပုသိမ်)မှ
သုံးဦးအား ထုတ်ပယ်သော ကြေညာ
ချက်ကို မြို့နယ်ပါတီဝင်အများစုက
မယုံကြည်မှုကြောင့် ပါတီရုံးရှေ့တွင် ထုတ်ပြန်ကြေညာချက်များကို ပြန်
လည်
ထုတ်ပြန်ထားကြောင်းကိုလည်း သိရှိရသည်။
“ဒေါ်စု ဒီလ
၁ရက်နေ့က လာပြီးတော့ ဖြေရှင်းပေးပေမဲ့ သူ့အနီးအနားကလူတွေရဲ့ စကားကို
နားယောင်ခဲ့
တော့ မြို့နယ်ပါတီဝင်အများစုက အခုလိုခံခဲ့ရတာပါ၊ ကျနော်တို့လည်း
မကြာခင် ပါတီဝင်ကဒ်ပြားတွေကို ပြန်
အပ်ပြီးပါတီဝင်အဖြစ်ကနှုတ်ထွက်မှာပါ”ဟုပုသိမ်မြို့ရှိတပ်နယ်မြေဟု လူသိများသော (၁၁)ရပ်ကွက်အောင်
နိုင်ရေး
လူငယ်ခေါင်းဆောင်ကိုရဲလေးက ပြောပြသည်။
ဧရာဝတီတိုင်းရှိ ဖြစ်ပေါ်နေသော အကြောင်းအရာများနှင့် ပတ်သက်ပြီး NLD ပါတီ၏ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ် သူ ဒေါ်ဖြူဖြူသင်းက ယခုကဲ့သို့ဆိုသည်။
“ဒါတွေကအသစ်တွေကို နေရာပေးတဲ့အပေါ်မှာအဟောင်းတွေကအမြင်မရှင်းတာရယ်၊
လူငယ်တွေကို နေ
ရာပေးမှုတွေကို လူကြီးတွေက လက်မခံတာရယ်ကြောင့်ပါ” ဟု
ဒေါ်ဖြူဖြူသင်းက ပြောသည်။
NLD တွင်လက်ရှိအဖြစ်အပျက်များမှာလူငယ်လူကြီးပြသာာမဟုတ်ကြောင်း ယုံကြည်မှုနှင့်သာဆိုင်ကြောင်း
ပါတီဝင်တစ်ဦးက ပြောသည်။
‘’ဒါတွေက လူငယ်လူကြီးပြဿနာမဟုတ်ပါဘူး၊အသစ်အဟောင်းပြဿနာလည်းမဟုတ်ပါဘူး၊
၉၀ ပြည့်နှစ်
ကတည်းက NLD ကို အနစ်နာခံပြီးလုပ်ခဲ့တဲ့လူတွေကိုပါတီကယုံကြည်မှုမရှိကြောင်း ပြတာကြောင့် မြို့နယ်
ပါတီဝင်တွေက လုံးဝလက်မခံနိုင်
တာကြောင့် နှုတ်ထွက်ကြမှာပါ”ဟု ပုသိမ် NLD ပါတီဝင်တစ်ဦးဖြစ်သူ
ကို
ဝင်းနိုင်က ပြောသည်။
မြောင်းမြမြို့ NLDပါတီဝင်များသည် တိုင်းညီလာခံကျင်းပရေးကောင်မတီဖွဲ့စည်းမှုကို
ကန့် ကွက်ဆန္ဒပြပြီး
နောက် ပုသိမ် NLDမှလည်းတိုင်းအတွင်းမှ
ပါတီခေါင်းဆောင်များသည်ဗဟိုကို အသုံးချကာ ဆရာမွေး၊ တ
ပည့်မွေးအထိ
ပြုလုပ်နေကြောင်းနှင့် ယခု ဖွဲ့စည်းလိုက်သောတိုင်းအတွင်းရှိ
ညီလာခံကော်မရှင်ကိုလက်မခံ
ကြောင်း သတင်းစာရှင်းလင်းပွဲကို သြဂုတ်လအတွင်း က
ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့ ခေတ်အဆက်ဆက်
ထောက်ခံလာတဲ့ ပါတီက အခုလို ဗဟိုဦးစီးစနစ်နဲ့သွားနေတာတော့စိတ်
မကောင်းစရာပဲ၊ အခု ပုသိမ် NLD က ကလေးလိုဖြစ်နေပြီး အဖေက မိထွေးစကားကို
နားထောင်ပြီး သားအ
ရင်းရဲ့ စကားကို အသိအမှတ်မပြုပေး သလို ဖြစ်နေတာလို့
မြင်ပါတယ်”ဟု NLD ပါတီကို ထောက်ခံမှုအမြဲရှိ
ခဲ့သော ပုသိမ်မြို့ခံတစ်ဦးကတော့
မှတ်ချက်ပြုခဲ့သည်။
မြစ်မခသတင်းမီဒီယာ
0 comments:
Post a Comment