Pages

Saturday, September 22, 2012

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲနှုန်း မြင့်တက်နေ


၂၀၁၂ ခုနှစ် သြဂုတ်လဆန်းပိုင်းမှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး သုံး
စွဲမှုများ သိသာစွာ များပြားလာကြောင်း ကျောက်မဲမြို့ခံများထံက သိရှိရသည်။မူးယစ်ဆေးဝါး သုံးစွဲသူများ
မှာ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက်၃၅ အရွယ်
ဝန်းကျင်အထိ သုံးစွဲသူများ ပါဝင်ကြောင်း သိရသည်။

" ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို(၁၄)နှစ်လောက်ပဲရှိဦးမှာ အဖြူသုံးတတ်နေပြီဘယ်က
ဘယ်လိုရတယ်ဆိုတာကို မပြောပြဘူး မိဘတွေကလဲ ကလေးကငယ်သေးတော့ ဘယ်လိုလုပ်ရမလဲ မသိ
ဘူးဖြစ်နေတာ '' ဟု အမှတ်(၉)ရပ်ကွက်တွင်နေထိုင်သူ ကိုမောင်(အမည်လွှဲ) ကပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူများမှာ တိုက်ရိုက်ရောင်းချခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ်အဆက်ပြုလုပ် ရောင်းချ
ကြာင်း အသက် ၂၃ နှစ်အရွယ် ကျောက်မဲဒေသခံလူငယ်တစ်ဦးက ဆိုသည်။

'' တစ်ဆင့်ဆက်သွယ်ပေးတဲ့ လူတွေက လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နေတတ်တယ်၊သုံးနေကြလူတွေက
ဖုန်းဆက်ပြီးပြောပေးတယ်၊ သူတို့က အချိန်နဲ့နေရာကိုချိန်းပြီးတစ်ဆင့်ရောင်းတာ၊ သုံးတဲ့သူကိုယ်တိုင်က
ဘယ်သူ ရောင်းပေးတယ်ဆိုတာတောင် မသိရဘူး အဲ့လိုနည်းနဲ့ပဲလူငယ်တွေကြားထဲ ရောက်လာတာ' ဟု 
၎င်းက ဆက်ပြောသည်။

ကလေးသူငယ်နာ ရင်လူးဆေးဗူးတစ်ဗူးအရွယ်အစားရှိဗူးတစ်ဗူးလျှင် ငွေကျပ်ရှစ်ထောင်မှတစ်သောင်းဝန်း
ကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြကြောင်း ယခင် သုံးစွဲဖူးသူ အမည်မဖေါ်လိုသူ လူငယ်တစ်ဦးက
ပြောသည်။

'' အစ်မတို့ရပ်ကွက်ထဲတော့ ဟိုတစ်လောကလာဖမ်းသွားတာတွေ့တယ် အမျိုးသမီးတစ်ယောက်ကို သူ့
အိမ်မှာအဖြူတွေနဲ့အတူမိတာ၊ ဒါပေမဲ့ ခုကနေရာတိုင်းမှာကို ကြားနေရတာ များများထပ်ဖမ်းစေချင်တယ်'' ဟု အမှတ်(၈)ရပ်ကွက်နေ အသက်သုံးဆယ့် တစ်နှစ်အရွယ် ဈေးသည်အမျိုးသမီးတစ်ဦးကပြောသည်။

မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ဘိန်းမဲ ရာမ(စိတ်ကြွဆေးပြား) ဆေးခြောက်နှင့် ဘိန်းဆီ ဟူ၍ အမျိုးအစား
ပေါင်းများစွာရှိပြီး သုံးစွဲမှုပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ်ပြီး၊ ခုခံအားကျဆင်းမှု ရော
ဂါများ ကူးစက်ရောဂါ များ ဖြစ်ပွားတတ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်များ၏ ပြောဆိုချက်အရသိ
ရသည်။

မြစ်မခသတင်း
 

0 comments:

Post a Comment

 
world time