Pages

Thursday, September 27, 2012

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ NGOs, INGOs (၃၆) ဖွဲ့ ပြည်တွင်းလုပ်ငန်းဆောင်တာတွေ အတွက် ဆွေးနွေးပွဲပြုလုပ်

အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဦးဆောင်ပြီး မြန်မာနိုင်ငံအတွင်း
မှာရှိတဲ့ NGOs, INGOs (၃၆) ဖွဲ့နဲ့ ရှေ့ဆက်လုပ်ငန်း တာဝန်တွေ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီမှာ မနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
အန်ဂျီအိုတွေအနေနဲ့ နိုင်ငံတော်ကိုတစ်ဖက်တစ်လမ်းကကူညီပေးသင့်တဲ့အကြောင်းကိုအစိုးရမဟုတ်သော
ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းကြည် တွေ့ဆုံဆွေးနွေးပွဲမှာအခုလို
ပြောကြားခဲ့ပါတယ်။

"လက်ရှိ ပကတိအခြေအနေမှာ တချို့က စားရေးဒုက္ခရောက်တယ်။ တချို့က နေရေးဒုက္ခရောက်တယ်။ ဒီလူတွေ ဆင်းရဲတွင်းထဲက လွတ်ဖို့က နိုင်ငံတော်မှာ တာဝန်ရှိတယ်။ မဏ္ဍိုင် ၃ရပ်မှာ တာဝန်ရှိသလို အန်ဂျီအို အဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်"


ဆွေးနွေးပွဲမှာ လက်ရှိ အန်ဂျီအိုတွေရဲ့ လိုအပ်ချက်တွေကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ အောင်
ထွန်းသက်ကလည်း အခုလိုပြောပါတယ်။

"အန်ဂျီအိုတွေရဲ့ အခြေအနေတွေကို နားထောင်ပေးပါ။ ဆရာတို့ကို ကူပေးပါ။ အန်ဂျီအိုတွေ ဘက်ကလည်း
ပဲ ကိုယ်ရတဲ့ ကိုယ်နေရာကနေ လုပ်ပေးပါ့မယ်လို့ အာမခံရင်း ကျေးဇူးတင်အပ်ပါတယ်"

ဒါ့အပြင် မြန်မာနိုင်ငံမှာ လူဦးရေ သန်းခြောက်ဆယ်ကျော် နေထိုင်တဲ့ထဲမှာ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်
aန ပြည်သူတွေ ဖြစ်ကြပြီး ယခုအချိန်အထိ ကျေးလက်နေ ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနိမ့်ကျ
မှု၊ ကျန်းမာရေး အသိပညာ နိမ့်ကျမှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏဆိုသလိုကြုံတွေ့နေကြရ
တာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment

 
world time